သက္ကယ်ကျွန်းကနေ စက်တပ်လှေဆွဲပြီး ဆေးရုံသွားနေရတဲ့ ကိုဗစ် လူနာ အမှတ် ၁၉၀ ရဲ့ ဗီဒီယိုဖိုင်

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။
  • အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။

မြင်ရတဲ့ မြင်ကွင်းကတော့ စိတ်မကောင်းစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာအရပ်ရပ်မှာ အရေးပေါ်ကားနဲ့ ခေါ်ဆောင်ကြရတဲ့ ကိုဗစ် လူနာသည် မျိုးဟာ သက္ကယ်ကျွန်းကနေ စက်တပ်လှေဆွဲပြီး ဆေးရုံသွားနေရတာဖြစ်ပါတယ်

ဖြစ်ပုံကတော့ ကိုဗစ်လူနာ ဆေးရုံသွားမယ့် လမ်းခရီးမှာ ရွာနှစ်ရွာ ရှိပါတယ်။ အဲ့ဒီရွာတွေက ကားလမ်း မပေါက်လို့လို့ သိရပါတယ်။

ဒါကြောင့် ကားလမ်းပေါက်တဲ့အထိ ရေလမ်းကတစ်ဆင့်သွားရပြီး တစ်ဖက်မှာလူနာတင်ယာဉ် စောင့်နေတယ်လို့ သိရပါတယ်။

တချို့တွေကတော့ Positive လူနာဆိုရင် အရမ်းရှောင်ဖယ်ကြပါတယ်။ဘယ်သူကတော့ ဒီရောဂါကူးစက်ခံချင်ပါ့မလဲ။ အခုလို ကူးစက်ချိန်မှာ သူလည်း အားငယ်စိတ်ဖြစ်နေမှာပေါ့။ ဒါကို နားလည်စေချင်ပါတယ်။

ပြီးတော့ ဒီရောဂါက ကြောက်စရာမှန်ပေမယ့် သူ့ကိုမြင်တဲ့လူတိုင်း ကူးတာ မဟုတ်ပါဘူး။ ရောဂါပိုး ရှိသူနဲ့ ထိတွေ့ဆက်ဆံမှ ၊ ကိုယ်ခံအား နည်းမှ အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး ကူးတာပါ။

အခုလို မြင်ရတာ ရင်ထဲမကောင်းပါဘူး။ အမြန်ဆုံးကျန်းမာ ပျောက်ကင်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

  • ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*