မချေမငံ ဆက်ဆံတဲ့ ဝန်ထမ်းကို ပိုက်ဆံထုပ်ဖြင့် ပစ်ပေါက်

ပျူငှာချိုသာစွာဆက်ဆံတတ်တဲ့သူကို သဘောမကျတဲ့သူရယ်လို့ လောကကြီးမှာ မရှိပါဘူး။

လူတိုင်းလူတိုင်းဟာကိုယ့်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို ခံချင်ကြပါတယ်။

ပစ္စည်းတစ်ခုကိုသွားရောက်ဝယ်ယူချိန်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။

ဆက်ဆံရေးကောင်းမွန်တဲ့ဆိုင်မှာမှ လူတွေဟာ ထပ်မံဝယ်ယူချင်စိတ်ဖြစ်ပေါ်တတ်တာပါ။

ဒါပေမဲ့ ဆက်ဆံရေးမပြေပြစ်ခဲ့တဲ့ အရောင်းဝန်ထမ်းလေးတစ်ဦးကတော့ ပိုက်ဆံနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ကတော့ ဗီယက်နမ်နိုင်ငံရဲ့ရွှေဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တာပါ။

ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတစ်ဦး ရွှေလာရောက်ဝယ်ချိန်မှာ သူမက အထင်သေးသလိုပုံစံနဲ့ဆက်ဆံခဲ့တာကြောင့်၊

ထိုအမျိုးသမီးက အရောင်းဝန်ထမ်းရဲ့မျက်နှာကို ပိုက်ဆံနဲ့ပစ်ပေါက်သွားပြီး သူ့မှာရှိတဲ့ငွေနဲ့ တစ်ဆိုင်လုံးကိုတောင်ဝယ်နိုင်တယ်လို့ အော်ဟစ်ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )