အရွယ်နဲ့မလိုက်အောင် နုပျိုနေကြတဲ့သူများ

လူဆိုတာ ဘယ်လောက်ပဲ ချောချောလှလှ ဘယ်လောက်ပဲ ကျန်းမာနေပါစေ..အချိန်တစ်ခုရောက်လာတဲ့အခါ ဇရာကိုရှောင်လွဲလို့မရပါဘူး..ပေါ်ကိုပေါ်လာမှာပါ။ဒါပေမဲ့ အခုဖော်ပြပေးမယ် လူ(၁၀) ကတော့ ဇရာကို အံတုပြီး အရွယ်တဲ့မလိုက်အောင် နုပျိုနေသူတွေပါ

(1)Chuando Tan- 50 နှစ်

စင်ကာပူနိုင်သားဖြစ်ပြီး ဓာတ်ပုံဆရာ၊မော်ဒလ် အလုပ်တွေလုပ်တဲ့ Tan ကတော့ ခန္ဒာကိုယ်အမိုက်စားရယ် ကြည်လင်တဲ့အသားအရေရယ် နုနယ်တဲ့ မျက်နှာတို့ကြောင့် အသက် ၅၀ လို့မထင်ရပဲ အသက် ၂၅ လောက်သာ ရှိတယ်လို့ထင်ရပါတယ်။

(2)Pamela Jacobs-54 နှစ်

Internet ပေါ်က လူတွေကို အံ့သြစေခဲ့သူကတော့ Pamela ခေါ် အသက် 54 နှစ်အရွယ် အမျိုးသမီးပါ။လူတော်တော်များများက သူအသားရဲ့သူငယ်ချင်းလို့ ထင်ကြပါတယ်။
သူကတော့ အသားအရေကို အုန်းဆီအမြဲလိမ်းတယ်လို့ဆိုပါတယ်။

(3)Masako Mizutani-49 နှစ်

ကြည့်လိုက်ရင် အသက် ၂၀ ကျော် မင်းသမီးလို့ထင်ရတဲ့သူမဟာ တကယ်တော့ 49 နှစ်တောင်ရှိပါတယ်။Masako ဟာ ဂျပန်လူမျိူး မော်ဒလ်တစ်ယောက်ပါ။သူကတော့ အိပ်ရေးဝဝအိပ်ခြင်း အကျင့်ဆိုးပယ်ခြင်း ဗီတာမင်-E နဲ့ မျက်နှာ နှိပ်တာတွေက အဓိကသော့ခိက်ဖြစ်တယ်လို့ဆိုပါတယ်။

(4)Zaklina- 47 နှစ်

အသက် ၃၀ လောက်သာ ထင်ရတဲ့ Zaklina ကတော့ မြေးနှစ်ယောက်ရဲ့ အဖွားပါ။အမျိုးသမီးတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်သင့်တယ်လို့ ဆိုပါတယ်။

(5)Nandana Sen- 49 years old

အန္ဒိယ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Nandana ကတော့ လှတာပဲမဟုတ်ပဲ စိတ်ထားကောင်းသူပါ။
သူဟာ ကလေးတွေရဲ့ လုံခြုံရေး အခွင့်အရေး အတွက် တက်ကြွစွာပါဝင်လှုပ်ရှားသူပါ။

(6)Debbie Plumbley- 50 နှစ်

ပုံကိုကြည့်လိုက်ရင် စုံတွဲတွေလို့တောင် ထင်ရပါတယ်။တကယ်တော့ သားအမိတွေပါ။Debbie ကတော့ အသက် ၂၀ ကတည်းက တစ်ရက်အနည်းဆုံး ရေ ၂ လီတာသောက်တယ်လို့ဆိုပါတယ်။လက်ဖက်ရည်နဲ့ကော်ဖီကိုလည်း ရှောင်ပါတယ်တဲ့။

(7)Rita Music – 57 နှစ်

Italy လူမျိုး ဇာတ်ကားထုတ်လုပ်သူဖြစ်တဲ့ Rita Music ကတော့ တကယ် အသက်တစ်ဝက်လောက် ငယ်တယ်ထင်ရတာပါ။သူကတော့ နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်းလုပ်တယ်လို့ ဆိုပါတယ်။

(8)Ellen Ector -64 နှစ်

ပုံမှာ ရှိနေတာ ညီအမတွေမဟုတ်ဘူးနော်။သားအမိတွေပါ။Ellen( ဘယ်) ဟာ fitness နည်းပြတစ်ယောက်ဖြစ်ပြီး သူကတော့ သတ်သတ်လွတိပဲ စားတယ်လို့ ဆိုပါတယ်။

(9)Annette Larkins- 75 နှစ်

Annette ဟာ အသက် 75 နှစ်လို့မထင်ရက်စရာပါ။TV show တွေမှာ နုပျိုနည်းလမ်းတွေ မျှဝေဖို့ ခဏခဏအဖိတ်ခံရတဲ့သူမကတော့ သူရဲ့ သီးနှံစိုက်ခင်းက သူရဲ့နုပျိုမှုရဲ့ သော့ချက်လို့ပြောပါတယ်။

(10)Ermestine Shepherd- 81 နှစ်

အမှန်တိုင်းပြောရရင် ဒီအရွယ်က ဆံပင်ဖြူ သွားကျိုး ခါးကိုင်းနေရမယ့် အရွယ်ပါ။ဒါပေမယ့် Ermestine ကတော့ သဘာဝကို လွန်ဆန်နေပုံရပါတယ်။သူကတော့ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပြီး ကာယဗလမယ်ဖြစ်လို့နေပါတယ်။ကျန်းမာရေးလိုက်စားတာ ဘယ်လောက် အကျိုးရှိလဲဆိုတာ သူမက သက်သေပြသွားတာပါပဲ။

ဝင်ရောက်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။