နွမ်းပါးသူတွေအတွက် အခြေခံစားကုန် Food Box ထားပေးလိုက်တဲ့ စေတနာရှင် လူငယ်

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

မင်္ဂလာပါ ပရိသတ်တို့ရေ ။

ဒီနေ့ အင်တာနက် စာမျက်နှာတွေ့ရတဲ့ ထူးထူးခြားခြား အလှူရှင်တစ်ဦးအကြောင်းပြောပြချင်လို့ပါ။ သူကတော့ အခုလို ကိုဗစ် ဖြစ်နေတဲ့ ကာလမှာ အခြေခံလူတန်းတွေ အလုပ်အကိုင်မရှိလို့ စားစရာမရှိဖြစ်နေတဲ့သူတွေ အတွက် ရည်ရွယ်ပြီးတော့ အခြေခံ စားကုန် Food Box လေး လုပ်ပေးထားတဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုပဲ အသိပေးထားပါတယ်နော်။

( နေ့ဖို့ညစာ အခက်ခဲ ဖြစ်သော မိသားစုများ တကယ် မရှိတဲ့သူတွေ အတွက်သာ ရည် ရွယ်ပါတယ်နေ့ဖို့ညစာ အခက်ခဲ ဖြစ်သော မိသားစုများ အဖေမေ အလုပ်ကပြန်လာမှဆန်ဆီ ဝယ်စားရသောမိသားစုများ တကယ်ကိုထမင်းတစ်နပ်စာအတွက် အခက်ခဲဖြစ်နေသောမိသားစုဝင်များအတွက် ရည် ရွယ်ပြီး အခြေ ခံစားသောက်ကုန်များဖြစ်တဲ့ ဆန် ဆီ ဆား ငပိ များကိုfood box တွင် ထည့်ထားခဲ့ပါပြီ

လက်ရှိ ကိုဗစ်ကာလကို အဓိက ထားပြီး food boxထားပေးတာပါ အကောင်းဆိုးကတော့ ဒွန်တွဲနေစမြဲပါပဲလူတိုင်းမှာ လောဘဆိုတာ ရှိကြပါတယ် လိုအပ်လို့လာယူတဲ့သူတွေကိုလဲ တစ်ဦးလျှင် ဆန်တစ်ထုပ်ဆီ တစ်ဗူး သာယူကြဖို့ food box နားကနေပြီးဦးလေးတစ်ယောက်ကလဲ လမ်းညွန်ပေးနေသလိုကျွန်တော် ကိုယ်တိုင်ကလဲ လမ်းညွန်မူတွေ ပေးသွားမှာဖြစ်ပါတယ် ရည်ရွယ်ချက် ကတော့ တစ်ခုတည်းပါတကယ် မရှိတဲ့သူတွေ အတွက်သာ ရည် ရွယ်ပါတယ်ကုသိုလ်ရေး လုပ်တာမို့ ကုသိုလ်ရေးပဲတွေးရပါမယ်လို အပ်လို့ယူမယ်ဆို ဘယ်သူယူယူ ယူလို့ရပါတယ်ဗျာ

ကျွန်တော့်အလှူရှင်တွေကလဲ ကိုမွန်မြတ် စလိုက်ပါလှူပါ့မယ် ဆိုပြီး အလှူရှင်တွေရဲ့ထောက်ခံမူရောမရှိတဲ့ သူတွေ အတွက် လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြတာရောမို့ ဒီ food box လေးလုပ်ဖြစ်သွားတာပါခုံရိုက်တာရော ဆန်ဆီရော ကျွန်တော် အိပ်စိုက်ပြီးလှူပေးထားပါတယ်ရေ ရှည် သွားမယ့် စီမံကိန်းလေးမို့ အကန့်သတ်ထားပြီး

ကျွန်တော့်အနေနဲ့ နေ့စဉ် ကူညီထောက်ပံ့မူ ပေးထားမှာဖြစ်ပါတယ် မုံရွာမြို့ပေါ်မှ နွမ်းပါးမိသားစုဝင်များထမင်းတစ်နပ်စာအတွက် အခက်ခဲ ဖြစ်နေသူများအနေဖြင့် မုံရွာ မြို့ ရန်ကင်းမီးပွိုင့် ရန်ကင်းလမ်းကိုမွန်မြတ် မြေပဲဆုံဆီ လမ်းညွန်ဆိုင်းဘုတ်အောက်မှသွားယူလို့ရပါပြီခဗျာ တကယ်လို့ အဝေးကနေလာရပြီ။

ဆန် ဆီ ဆား ငပိ မရှိတော့ရင် စာအုပ်လေးနဲ့ ဘောပင်လေးထားထားပါတယ် စာရေးထားခဲ့ပါနော် နေရပ်လိပ်စာအပြည့်စုံ ph ရှိရင် ph ပါရေးထားခဲ့ပါတကယ်မပြည့်စုံ အခက်ခဲ ဖြစ်နေရင် လိုအပ်သလိုကူညီမူပေးသွားပါမယ်ဗျာ

အထူးမေတ္တာရပ်ခံချင်တာလေးတစ်ခုက မလိုအပ်ရင်မယူနဲ့ လိုအပ်လို့ယူရင်လဲ စည်းကမ်းလေးနဲ့ယူနေ့တိုင်းထားပေးမှာ ဆိုပေမယ့်လိုအပ်တဲ့နေမှသာလာယူ အခက်ခဲဖြစ်မှသာလာယူမနက်ဖြန် ကိုယ်က အခက်ခဲမဖြစ်ဆိုရင် တခြားအခက်ခဲဖြစ်တဲ့သူလာယူပါစေဆိုတဲ့စိတ်လေးထားပေးမိမိစိတ်ကိုယ်မိမိလိမ်လို့မရဘူးနော် ကိုယ်ချင်းစာ တရားရှိပါစေ သင်၏လောဘသည် သင်၏ သိက္ခာကိုညိုးနွမ်းစေလိမ့်မည်

မေတ္တာ ဖြင့်

ကိုမွန်မြတ်

09 7930 35326 )

သူ့ရဲ့ စိတ်ဓာတ်လေးက လေးစာစရာပါနော်။ အခုလို ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အညီ တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားတာဟာ မင်္ဂလာ တစ်ပါးပါပဲ။ ဒီလိုမျိုးလေးတွေကို မြို့နယ်အလိုက် လုပ်နိုင်ရင် ပိုကောင်းမှာဖြစ်သလို ၊ တကယ်လိုသူမှ ယူကြရင် ပိုမိုအောင်မြင်မယ်လို့ မျှော်လင့်ရင်း မျှဝေပေးလိုက်ပါတယ်နော်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*