အင်္ကျီချိုင်းကြားက အစွန်းတွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်း

အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးတွေမှာ…

အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလိမ်းဆေးတို့၊ ဘော်ဒီစပရေးတို့ကြောင့် အဓိက ဖြစ်တာပါ။

ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။

အလိုအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။

ပြုလုပ်ပုံကတော့ –

၁။ Win ဆပ်ပြာရည်နဲ့ ရေကို ရောသမမွှေပါ။

၂။ ပြီးရင်တော့ အဝါရောင် အစွန်းကွက် ဖြစ်နေတဲ့ အင်္ကျီချိုင်းအောက်မှာသုတ်လိမ်းပြီး ၅ မိနစ် ၁၀ မိနစ်လောက် ထားပါ။

၃။ ပြီးရင်တော့ ပုံမှန် လျှော်နည်းအတိုင်း လက်နဲ့ဖြစ်ဖြစ်၊ စက်နဲ့ ဖြစ်ဖြစ်လျှော်နိုင်ပါပြီ။

၄။ လျှော်တဲ့အခါမှာလည်း Fabric Softener (အနော်ကတော့ Fino တံဆိပ် သုံးဖြစ်တယ်။) လေး သုံးဖို့ မမေ့ပါနဲ့။

ဒါမှ အစွန်းအထင်း ပျောက်ပြီး မွှေးပျံ့တဲ့ အနံ့လေးနဲ့ အင်္ကျီအသစ်ကလေး လို ဖြစ်သွားမှာပါ။

မှတ်ချက် …

၁။ အင်္ကျီချိုင်းမှာ အစွန်းအထင်း (အဝါရောင်၊ အမည်းရောင်) ဖြစ်လာတာနဲ့လျှော်ဖို့ လိုအပ်ပါတယ်။

သာမာန်လျှော်ဖွပ်လာရင်း ကြာတော့မှလျှော်မယ်ဆိုရင် အစွန်းကျွတ်သွားအောင်ထိ လျှော်ဖို့ ခက်ပါလိမ့်မယ်။

၂။ အင်္ကျီလျှော်တိုင်း ချိုင်းနေရာကို သတိ ထားပြီး လျှော်မယ်ဆိုရင် အစွန်းအထင်း ဖြစ်လာမှာ မဟုတ်ပါဘူး။

၃။ အထူးသဖြင့် ချွေးထွက်များတဲ့သူတွေက တစ်နေကုန် ဒီအင်္ကျီပဲ ဝတ်ရတာ ဆိုတော့၊ လျှော်တဲ့အခါမှာလည်း ချိုင်းနေရာကို ဆပ်ပြာနည်းနည်းပိုထည့်ပါ။

ရေနဲ့အရင်စိမ်ပြီးမှ လျှော်မယ်ပိုအဆင်ပြေပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။