
ကိုယ်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်သည်ဖြစ်စေ အားလုံးအဆင်ပြေစေချင်တယ် ။
ကိုယ်ချစ်တဲ့လူတွေ ချမ်းသာရင်သူငယ်ချင်းတွေ ချမ်းသာရင် ပိုပီတိဖြစ်တယ် ။
ကောင်းမွေးဆိုးမွေး ခံယူဖို့ပါ ကိုယ်ပတ်ဝန်းကျင်က လူတွေရဲ့ ချမ်းသာမှမဟုတ်ဖူး ဆင်းရဲလဲ မိတ်ဆွေပါဘဲဗျာ ကူညီပါတယ် ကတိတော့ တည်ပါ ။
(၁) ပိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။ ဖြစ် ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။ကြာပါတယ်။
မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။
(၂) ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိပိုက်ဆံဟာ ပိုက်ဆံပါပဲ။
အချေးခံရတဲ့သူက ဘာမှမရှိလို့ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။
(၃) ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာအားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။
(၄) ပိုက်ဆံချေးတဲ့အခါ ပေါက်ကရလေးဆယ်တွေကိုရွှန်းရွှန်းဝေအောင် လျှောက်မပြောပါနဲ့။
ကိုယ်ချေးချင်တဲ့ပမာဏ၊ ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်မယ့်ပုံစံကိုသာ လိုတိုရှင်းပြောပါ။
(၅) ကိုယ်ပစ်မှတ်ထားပြီး ပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက် ရှိတဲ့သူ ဖြစ်ချင်မှဖြစ်ပါမယ်။သူက မရှိဘူးလို့ ပြောရင် အဲ့ဒါကို အတည်ပဲမှတ်ပါ။အ
အားနာပြီး စိတ်ရှုပ်ရအောင် ထပ်ပြီး နားမပူပါနဲ့။ကိုယ်လိုချင်သလောက်မရဘဲ သူပေးနိုင်သလောက်သာပေးရင်လည်း ထိုနည်းအတူပါပဲ။ ရသလောက်သာချေးပါ။
(၆) အရေးကြီးဆုံးအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထားတဲ့အ ချိန် မှာ သေချာပေါက်ကိုပြန်ဆပ်ရပါမယ်။
အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။
(၇) ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။
(၈) ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာအင်မတန်မှကို လူဝါးဝရာကျပါတယ်။
(၉) အဆိုးဆုံးက ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာပါပဲ။(
(၁၀) သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။
သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။ တခါတလေသူတို့က မမေ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။ အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။
လူလိုနားလည်ပါ။(၁၁) ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။ တော် တော်ယုတ်ညံ့တဲ့စိတ်ပါ။
ဆိုတော့ ချေးပေးမိတဲ့သူတွေက အားမနာကြပါနဲ့။အချိန်တန်ရင် ကိုယ့်ပိုက်ဆံကို ပြန်တောင်းပါ။
(၁၂) တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။
(၁၃) ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။
မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။
အရမ်းနှမြောဖို့ကောင်းပါတယ်။ဆိုတော့ ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။
Credit : Wai Phyo Maung