ဘာသာစကား ၅ မျိုး ကျွမ်းကျင်နေတဲ့ ဆယ်နှစ်အရွယ် မိန်းကလေး

Mom Chao Norodom Jenna ဟာ အသက်၁၀နှစ်အရွယ်သာရှိသေးပေမယ့်၊

အနုပညာပါရမီရှိတဲ့ အဆိုတော်တစ်ဦးဖြစ်ရုံသာမက ၊

ဘာသာစကားငါးမျိုးကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်တဲ့ အရည်အချင်းရှိသူလေးလည်းဖြစ်ပါတယ်။

သူမရဲ့မိခင်ဟာ ကမ္ဘောဒီးယားတော်ဝင်မျိုးနွယ်ကဆင်းသက်လာသူဖြစ်ပြီး

ဖခင်ကတော့ ပြင်သစ်အမျိုးသားဖြစ်တာကြောင့် သူမဟာ ခမာနဲ့ ပြင်သစ်စကားတတ်ကျွမ်းတဲ့အပြင်၊

အသက် ၃နှစ်အရွယ်ကစပြီး အင်္ဂလိပ် တရုတ်နဲ့ ထိုင်းဘာသာစကားများကိုလည်း သင်ယူလေ့လာခဲ့ပါတယ်။

အခုဆိုရင်တော့ ၁၀နှစ်အရွယ်သာရှိသေးတဲ့ သူမဟာ အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေပွဲတွေမှာဖျော်ဖြေရုံသာမက၊

မော်ဒယ်တစ်ယောက်အနေနဲ့လည်း အသိအမှတ်ပြုခံနေရသူလည်းဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့သူမှဟာ

“Bird of Bird Thongchai” လို့အမည်ပေးထားတဲ့ သီချင်းကိုလည်း သီဆိုဖြန့်ချိထားသေးတယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )