အိမ်နောက်ဖေး မှာ ကားတစ်စီး တူးဖော်တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်

အတိတ်ကံကြောင့် ရှေးအဆက်ဆက်ကလူကြီးတွေမြှုပ်နှံခဲ့ကြတဲ့၊

ရတနာတွေကို တူးဖော်ရှာတွေ့ခြင်းဟာ ကံထူးတယ်လို့ဆိုနိုင်ပေမယ့် ထူးခြားလှတယ်လို့တော့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့ အမျိုးသားတစ်ဦးကတော့ သူ့ခြံဝန်းအတွင်းကနေ ရွှေငွေရတနာတွေမဟုတ်ဘဲ ကားတစ်စီးကို တူးဖော်ရရှိခဲ့ပါတယ်။

ရန်သူမျိုး၅ပါးရန်ကိုကြောက်ပြီး ရွှေငွေရတနာတွေကိုမြေအောက်မှာသိုဝှက်တတ်ကြတာမဆန်းပေမယ့်၊

ကားကိုမြှုပ်ထားတဲ့အ​ကြောင်းရင်းကတော့ ထူးဆန်းနေတာကြောင့် ထိုအမျိုးသားက လိုက်လံစုံစမ်းခဲ့ပါတယ်။

အဖြစ်မှန်ကတော့ ထိုခြံဝန်းရဲ့အရင်ပိုင်ရှင်ဟာ လမ်းဖြတ်ကူးတဲ့လူတစ်ယောက်ကိုတိုက်မိခဲ့ပြီး၊

နောက် အပြစ်ခံရမှာစိုးရိမ်တဲ့စိတ်နဲ့ ကားကိုခြံဝန်းအတွင်းမြှုပ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တကယ့်ကို အံ့သြဖွယ်ရာအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ အဖြစ်မှန်တစ်ချို့ရှိနေတတ်တယ်လို့ ဆိုရမှာပါပဲနော်။

Shwe Yaung Myanmar ( Writer – LLA )