မြန်မာတွေ မတိုးတက်ရခြင်း အကြောင်းအရင်း ၃၇ ချက်

မြန်မာတွေ ဆင်းရဲရတဲ့အကြောင်းရင်း (၃၇) ပါး….

(၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ်ဘူး။

(၂) ဘေးကနေ သွေးခွဲရလွယ်တယ်။

(၃) မနာလိုစိတ် များတယ်။

(၄) အချင်းချင်းထဲ ကိုယ့်ထက်သာသွားမှာ မလိုလားဘူး။ သာရင်လည်း မနာလိုဘူး။

(၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူးစေချင်တယ်။

(၆) မုဒိတာ မပွါးနိုင်ဘူး။

(၇) ကြိုးစားရမယ့်နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။

(၈) သူများမလုပ်ရင် မလုပ်ချင်ဘူး။

(၉) အချောင်ခိုချင်တယ်။

(၁၀) ပိုက်ဆံရရင် အဖြုန်းများတယ်။ ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။

(၁၁) ကိုယ်နဲ့အသုံးတည့်တည့် မတည့်တည့် သူများ ဝယ်ရင် လိုက်ဝယ်ချင်တယ်။

(၁၂) စီးပွားရေးလုပ်ရမှာ ကြောက်တယ်။

(၁၃) ရေရှည်အကျိုးစီးပွါးကို မမျှော်ကိုးတတ်ဘူး။

(၁၄) ပုံမှန်သေချာရတဲ့ငွေကို ပိုမက်တယ်။ ဝန်ထမ်း ပိုလုပ်ချင်တယ်။

(၁၅) အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှု နည်းတယ်။

(၁၆) မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။

(၁၇) အများလုပ်တာပဲစောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ် တတ်တယ်။ ဒါကြောင့် ရေရှည်မခံဘူး။

(၁၈) ပြောင်းလဲနေတဲ့ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။

(၁၉) ဗဟုသုတလေ့လာဖို့ အားနည်းတယ်။ စိတ်မဝင်စားဘူး။

(၂၀) ဝေဖန်တာကို အားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်

(၂၁) အကြံပြုတာကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။

(၂၂) ပုတ်ခတ်တာကို မတရား ကြိုက်တယ်။

(၂၃) ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင် ရှိတယ်။

(၂၄) ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။

(၂၅) မအောင်မြင်ရင် ကံကိုပုံချတယ်။

(၂၆) ကိုယ်ကြုံဖူးတဲ့အတွေ့အကြုံတစ်ခုတည်းနဲ့ အရာတော်တော်များများကို တစ်ဖက်သပ် သုံးသပ်တယ်

(၂၇) ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရား ရှုံ့ချတယ်။

(၂၈) ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။

(၂၉) ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်။

(၃၀) ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုပြီး စိတ်ဝင်စားတယ်။

(၃၁) လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။

(၃၂) ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့။ တိုးပွါးအောင် လုပ်ဖို့ စိတ်ကူးနည်းတယ်။

(၃၃) ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အကျိုးရှိအောင် မရင်းနှီးတတ်ဘူး။

(၃၄) ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင် လုပ်တယ်။

(၃၅) အောင်မြင်ဖို့၊ အများအတွက် ဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။

(၃၆) ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။

(၃၇) ပညာရှင်တွေကလည်း ကိုယ့်ပညာကို မျှဝေ မပေးချင်ဘူး။ လူတော်တွေပေါ်ထွက်လာအောင် မမွေးမြူချင်ဘူး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။