
မြန်မာနိုင်ငံမှာ ဖြစ် ပေါ်နေတဲ့အခြေအနေတွေကြောင့်၊
Facebookကို ပိတ်ဆို့မှုခံထားရပြီး VPN လို့ခေါ်တဲ့ Virtual Private Network စနစ်တွေကို ခံသုံးနေရပြီဆိုရင် ဒီအချက်(၆)စလုံးကို သတိထားလိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။
(၁) VPN ကျော်သုံးတာကြောင့် အင်တာနက်လိုင်းတွေ နှေးကွေးနိုင်ပါတယ်။
ဒါ့အပြင် bandwidth တွေကို ကန့်သတ်ခံရပြီး မိမိထဲက ပိုနေတာတွေကို ပြန်ရောင်းစားတာ ခံရနိုင်ပါတယ်။
(၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။
ဘာတွေသုံးစွဲနေတယ်၊ ဘာတွေပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။
(၃) Vpn သုံးထားရင် Facebookက လွဲပြီး အခြားတဲ့ app တွေကို ခံမသုံးပါနဲ့။ (ဒါက အရေးအကြီးဆုံးအချက်ပါ)
(၄) မြန်မာနိုင်ငံမှာ ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ ငွေပို့ ငွေလွှဲ app တွေနဲ့ Mobile Banking app တွေကို VPN ဖွင့်ပြီး မသုံးပါနဲ့ ။
တည်နေရာတွေသိသွားနိုင်သလို ကိုယ့်ရဲ့Account အချက်အလက်တွေပါသိသွားနိုင်ပါတယ်။
ချိတ်ဆက်ထားတဲ့ app တွေရဲ့ လုံခြုံရေးစနစ်တွေက အကောင့်ပိတ်နိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
(၅)VPN ကျော်သုံးတဲ့သူတွေ သတိထားဖို့က Facebook အကောင့်ကို မကြာခန Logout ထွက်လိုက် Login ဝင်လိုက်မလုပ်ပါနဲ့။
ဖြစ်နိုင်ရင် ဖုန်းထဲမှာ FB ကို Login တခါဝင်ပီး ပြန်မထွက်ပဲ သုံးနေတာ အကောင်းဆုံးပါ။Lockကျတတ်ပါတယ်။
(၆) VPN ချိတ်တဲ့အခါမှာလဲ တစ်နိုင်ငံထဲကိုပဲ ချိတ်ရင် အကောင်းဆုံးပါ၊ ဥပမာ ပထမတစ်ခါမှာ singapore ဆို နောက်ပြန်ချိတ်ရင်လဲ singapore ကိုပဲ ပြန်ရွေးချိတ်ပါ။ကိုယ့်AccountကိုBanခံရနိုင်ပါတယ်။
ဒီတော့ ဒီအချက်လေးတွေကို အထူးသတိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။ ဘေးရန်ကင်းကြပါစေ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။