ဒုစရိုက်သမားတွေကပါ ဦးညွှတ်ရိုသေ ရတဲ့ မြန်မာ အနုပညာရှင် ၂ ဦး

ထူးအိမ်သင် ဟာညဘက် ဘီယာ ဆိုင်ကအပြန်၊

ကားတစ်စီးနဲ့တိုက်မိပါတော့တယ် သူနဲ့အတူနီကိုရဲလည်းပါပါတယ်။

တဖက်ကကားသမားတွေက တုတ်တွေနဲ့ဝိုင်းရိုက်ရအောင် လာကြသောအခါ

နီကိုရဲ ကတော့ကားလော့ချထားဖို့ပြောပါတယ်။

ထူးအိမ်သင်ဟာ ကားတံခါးကိုဖွင့်ပြီး ထွက်တွေ့တဲ့အခါ၊

ဟာ ကိုငှက်ကြီးဟ ဆိုပြီး တုတ်တွေပစ်ချ ပြေးဖက်ကာ သူတို့မှားတာဖြစ်ပါကြောင်း
တောင်းပန်ရင်း

ဘီယာတောင် ထပ်လိုက် တိုက်ခဲ့ပါသေးတယ်တဲ့ဗျာ။

ဒွေး။ ။

သူခိုးတစ်ယောက်ဟာ အိမ်တအိမ်က မီးခံသေတ္တာ ကိုဖောက်ထွင်းပြီးပါပြီ

ပစ္စည်းတွေထုတ်ပြီးဆင်းဖို့ကြံစဉ် သူခိုးဟာ အတွေးဝင်လာပါတယ်။

ဒီလောက်ခမ်းနားကြီးကျယ်တဲ့အိမ်ကြီးမှာ ဘယ်သူတွေများနေကြသလဲလို့၊

သိချင်စိတ်နဲ့ အိမ်ရှင်အခန်းထဲထိသွားကာဝင်ကြည့်ပါတော့တယ်။

သူအရမ်း လေးစားချစ်ခင်ရတဲ့ကိုသားကြီး အိမ်ဖြစ်နေသောအခါ

ပစ္စည်းတွေကိုကုတင်ပေါ်တင်ထားခဲ့ပြီး စာတစ်စောင်ရေးထားခဲ့ပါတယ်။

ကျနော်ကိုသားကြီးပရိတ်သတ်ပါ ကိုသားကြီး အိမ်မှန်းမသိလို့ဝင်ခဲ့မိတာ တောင်းပန်ပါတယ်ခမျာတဲ့ဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။