ကိုဗစ်ရောဂါ ပျောက်ကင်းအောင် ‘မန်း’ ပေးတဲ့ သင်းအုပ်ဆရာ တစ်ဦးရဲ့ အဆုံးသတ်

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

ကိုရိုနာ ရောဂါမကူးစက်အောင် ဘုရားသခင်ရဲ့ ကောင်းချီးဖြင့် “မန်း” ပေးတဲ့ ကင်မရွန်းနိုင်ငံက သင်းအုပ်ဆရာဖြစ်သူ အန်ဒီဖာဟာ ပြီးခဲ့တဲ့စနေနေ့ကပဲ ကိုဗစ် ၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ အန်ဒီဖာဟာ သြဇာကြီးတဲ့ သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး မသေဆုံးခင် တစ်ပတ်ခန့်ကသူ့ရဲ့ လက်နဲ့တပည့်တွေရဲ့ ဦးခေါင်းကိုကိုင်ပြီး ကိုဗစ် ၁၉ မကူးစက်အောင် မန်းမှုန်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အခုတော့ သူဟာ ကိုဗစ် ၁၉ နဲ့ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ သူဟာဆိုရင် မသေဆုံးခင်ကတည်းက ရောဂါကူးစက်ခံထားရမှန်း သိပေမယ့် ဘုရားသခင်ရဲ့ကောင်းချီးဖြင့် ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ယုံကြည်မှုလွန်ကဲတာကြောင့် ဆေးကုသမှု ခံယူတာနောက်ကျခဲ့တာဖြစ်တယ်လို့ တာဝန်ခံကုသပေးတဲ့ ဒေါက်တာက စိတ်မကောင်းစွာဖြင့် ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဆေးရုံမှာ စနစ်တကျသဂြိုလ်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုယုံကြည်ကိုးကွယ်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒအရ သူ့ရဲ့နေအိမ်ရှေ့မှာပဲ သဂြိုလ်ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံး ုဆေးစစ်ချက်တွေ အရ သူမသေဆုံးခင်က ရောဂါမကူးစက်အောင် ဦးခေါင်းကိုင် “မန်း” ပေးခဲ့သူတွေမှာလည်း ရောဂါကူးစက်ခံထားရကြောင့် စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*