မယုံနိုင်အောင် ဝိတ်ချလိုက်သူများ

လူဆိုတာ လှချင်ကြစမြဲပါ။ကိုယ့်ရဲ့ အမြင်ပေါ်မူတည်ပြီး ဘယ်သူကလှတယ် ဘယ်သူကမလှဘူးဆိုတာ ဆုံးဖြတ်ကြတာပါ။လူတွေရဲ့ အလှအပ standard မှာတော့ ဝတာဟာ မပါခဲ့ပါဘူး။ ဝရင်မလှဘူးလို့ အလိုလိုတွေးကြတာပါ။ဒါကြေင့် ဝတဲ့သူတိုင်းက ပိန်ချင်ကြပါတယ်။အခုချိန်မှာတော့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့မလျော့တဲ့ဇွဲတို့ကြောင့် ဝိတ်အများကြီး ချနိုင်ခဲ့သူ (၁၂) ယောက်ကို ဖော်ပြပေးလ်ုက်ပါတယ်

(1)jennifer edwards

ကျောင်းမှာကတည်းက body-shaming ခံခဲ့ရတဲ့သူမကတော့ အသက် ၂၆ နှစ်မှာ သူ့ဘဝကိုသူ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။အကြောင်းရင်းက လေးလွန်းလို့ဆိုပြီး Roller Coster ပေါ်ကနေ နှင်ထုတ်ခံခဲ့ရလို့ပါ။အခုတော့ ကျန်းမာသန်စွမ်းသူ ဖြစ်နေပါပြီ။

(2)Haley Smith

မင်္ဂဆောင်ဖို့ နီးလာပြီဖြစ်တဲ့ Haley က သူ့ဝိတ်ကြောင့် စိတ်ညစ်နေပါတယ်။ဒါကြောင့် မင်္ဂမဆောင်ခင် ဝိတ်သေချာချမယ်ဆိုပြီး တကယ်ချခဲ့တာပါ။အခုတော့ fitness ဆရာမအဖြစ်လုပ်ကိုင်နေပါတယ်။

(3)Tiffaney Anderson

USA,Utah က အသက် ၂၆ နှစ်အရွယ် Tiffaney ကတော့ တစ်နေ့ ကယ်လိုရီ ၁၁,၀၀၀ ကျော် နေ့တိုင်းစားမိနေတာကို ကိုယ့်ကိုကိုယ်သတိထားမိပြီးနောက်
ဝိတ်လျှော့လိုက်တာ အခုတော့ ပိန်ပိန်လေးဖြစ်သွားပါပြီ။

(4)Jen Atkin

မင်္ဂလာဆောင်ဖို့ ၉ လအလိုမှာ ခင်ပွန်းလောင်းရဲ့ ထားခဲ့ခြင်းကိုခံခဲ့ရပြီးနောက်မှာတော့ Jen တစ်ယောက် လေ့ကျင့်ခန်းတွေလုပ် အစားအစာတွေ သေချာစိစစ်စားလာခဲ့တာ ၈၄ ပေါင်တောင် လျှော့နိုင်ခဲ့ပါတယ်။

(5)Brenna Alexander

အသက် ၃၄ နှစ်အရွယ် Brenna ကတော့ ဆရာဝန်ကိုယ်တိုင်က ဝတယ် အပြောခံခဲ့ရတာပါ။ ၁၈ လကြာပြီးမှာတော့ ၇၇ ပေါင် လျှော့ပစ်ခဲ့ပါတယ်။

(6)Bridie Ritchie

သူ့ချစ်ရသူနဲ့လက်ထပ်ရမယ့်နေ့မှာတော့ အလှဆုံးဖြစ်ရမယ်လို့ Bridie တစ်ယောက်ဆုံးဖြတ်ထားပုံာပါတယ်။မင်္ဂလာမဆောင်ခင်မှာ ၁၃၃ ပေါင်တောင် လျှော့ပစ်နိုင်ခဲ့တာပါ။

(7)Courtney Maguire

Courtney Maguire ဟာ အသက် ၃၀ ရှိပြီး ဝိတ်မလျှော့ခင် ၃၀၈ ပေါင်တောင်ရှိပါတယ်။သေသေချာချာ လေ့ကျင့်ခန်းလုပ်ပြီးမှာတော့ ၁၆၈ ပေါင်လျှော့ပစ်နိုင်ခဲ့ပါတယ်။

(8)Ruth Dudley

အသက် ၂၈ နှစ်အရွယ် Ruth ကတော့ ၃၅၉ ပေါင်ကနေ ၁၆၈ ပေါင်အထိ လျှော့ချပစ်ခဲ့ပါတယ်။တကယ်ကို လေးစားစရာပါပဲ။

(9)Christina Jordan

၂၂၆ ပေါင်ရှိတဲ့ Christina ကို Disney Land က ဝတယ်ဆိုပြီးပေးမဝင်ခဲ့ပါဘူး။တကယ်ကို မဆိုင်တာပါ။ဒါမဲ့သူမကတော့ ၁၃၃ ပေါင်လျှော့ချပစ်ခဲ့ပါတယ်။

(10)Hayley Bienert

ခင်ပွန်းအဟောင်းမှ အကြီးအကျယ်အပြစ်ပြောတာ ခံရပြီးတဲ့နောက်မှာတော့ အသက် ၂၇ နှစ် Hayley ကတော့ ၇၀ ပေါင် ဝိတ်ချပစ်ခဲ့ပါတယ်။

(11)Mathilde Broberg

အန္တရာယ်များလောက်အောင် အဝလွန်ခဲ့တဲ့ အေသက် ၂၁ နှစ်အရွယ် ကျာင်းသူလေး Mathilde ကတော့ တစ်ရက် ၃,၅၀၀ ကယ်လိုရီတောင် စားပါတယ်တဲ့။Roller Coaster ခုံမှာ မဆံ့တဲ့နောက်မှာတော့ ဝိတ်ခိလာခဲ့တာ အခုတော့ ၁၄၅ ပေါင်ပဲရှိပါတော့တယ်။

(12) Shannon Covert

အသက် ၃၀ နှစ်အရွယ် Shannon တစ်ယောက် အမြင့်ဆုံး ၃၆၄ ပေါင်တောင် ရှိခဲ့ဖူးပါတယ်တဲ့။သူမက ၁၆၄ ပေါင်ပဲ ရှိတော့တဲ့ချိန် သူ့အမျိုးသားက ပြောင်းလဲလို့ လက်မခံနိုင်ဘူးဆိုရာက လမ်းခွဲခဲ့ကြပါတယ်တဲ့။

ဝင်ရောက်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။