မီးဖိုချောင်က အိမ်ရှင်မတိုင်း အထူးသတိပြုရမယ့် အရာပါ

“မီးဖိုချောင်ပန်းကန်ဆေးသည့်နေရာကလူသတ်သမား”

Steel Wool အကြောင်းမျှဝေလိုက်ပြီဗျာ။

လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ် ။

အိပ်ယာထဲကမထနိုင်သလိုအစားအသောက်ပါမစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ ။

သူခံစားနေရတဲ့ဝေဒနာကိုမေးကြည့်တော့ ချက်နားက စူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ် ။

ဆေးခန်းပြတော့လဲပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့ ။

ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်..

အစာအိမ်မှာအနာရှိသလား..

အူခေါက်သလား..အူကင်ဆာလားပေါ့ ။

စိတ်ထဲမှာမသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ် ။

ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ် ။

ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး…

ဆရာဝန်တွေခေါင်းစားရတဲ့ပြသနာပါ ။

Operation လုပ်ဖို့ကလဲ ရောဂါအတိအကျမသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ ။

အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ် ။

ရင်ခွဲပြီးစစ်ဆေးတဲ့အခါ ရလာတဲ့Result ကအူမကြီးတစ်ခုလုံးပုပ်နေပါပြီ ။

အူမကြီးကိုအသေအခြာစစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကိုတွေ့ရပါတယ် ။

အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့ Steel Wool အစလေးပါ..

အခန့်မသင့်ရင် အသက်တစ်ချောင်းဆုံးရှူံးတတ်တာကြောင့် Steel Wool ကိုမသုံးစေချင်ပါဘူးခင်ဗျာ…

 

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။