အသက်ငယ်နေတုန်း လက်မထပ်သင့်တဲ့ အကြောင်းအရင်း ၆ ချက်

အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း(၆)ချက်…

ငယ်ကချစ်အနှစ်တစ်ရာမမေ့သာငယ်ကပေါင်းအနှစ်တစ်သောင်းမမေ့ကောင်းဆိုတဲ့ဆိုရိုးကိုကြားဖူးကြမှာပါ။

မြန်မာဓလေ့မှာငယ်လင်ငယ်မယားဆိုတဲ့အသုံးအနှုန်းလည်း ရှိပါတယ်။

မြန်မာ့အယူအဆမှာ အသက်ငယ်တုန်းလက်ထပ်တာဟာလည်းကောင်းတယ်ဆိုပြီးပြောစမှတ်ပြုကြပါတယ်။

ဒါပေမယ့်ပြောင်းလဲလာတဲ့ ခေတ်မှာအသက်ငယ်တုန်းလက်ထပ်လည်းမကောင်းတော့ပါဘူး။

အများစုသတ်မှတ်ထားတဲ့ အရွယ်ဟာ၂၆နှစ်ကစပြီးနောက်ပိုင်းမှာလက်ထပ်သင့်တယ်လို့ဆိုပါတယ်။

(1) အဆင်သင့်မဖြစ်သေးအသက်၂၀လောက်မှာ

အိမ်ထောင်ပြုလိုက်တယ်ဆိုပါစို့၊မိဘကထောက်ပံ့ပေးနိုင်တဲ့သူများကကိစ္စမရှိပါဘူး။

ကမန်းကတန်းယူလိုက်ရတဲ့လင်မယားများကတော့အခက်တွေ့နိုင်ပါတယ်။

ငွေကြေးလည်းအဆင်သင့်မဖြစ်သေးသလို နေထိုင်စရာအတွက်လည်းစိတ်မချရသေးပါဘူး။

(2) စိတ်ဖိစီးမှုများနိုင်လခထုတ်ပြီးဆိုတာနဲ့အိမ်လခရေမီတာစားစရိတ်သုံးစရိတ်သာရေးနာရေးစတာတွေကိုအမြီးနှုတ်ခေါင်းနှုတ်နဲ့လုံလောက်တဲ့စုဆောင်းငွေကိုရရှိနိုင်မှာမဟုတ်ပါဘူး။

အရေးပေါ်အခြေအနေမျိုးမှာငွေလိုခဲ့ရင်လည်းခေါင်းပေါ်ကိုအထုပ်ကြီးကြီးပိလာနိုင်ပါတယ်။

(3) ဘဝအခြေမခိုင်။ငယ်တုန်းမှာတက်လမ်းများများရှာထားပြီးကြိုးစားလိုက်ရင်နောက်ပိုင်းမှာဘာမှစိတ်ပူစရာမလိုတော့ပါဘူး။

အိမ်ထောင်ရေးကကြားဖြတ်ဝင်လာတဲ့အချိန်မှာသင့်ဘဝတိုးတက်ဖို့ကလည်း နှောင့်နှေးသွားမှာဖြစ်ပါတယ်။

(4) ဒေါသဖြစ်လွယ်အရမ်းချစ်လို့ယူထားကြပေမယ့်အဆင်မပြေလို့စိတ်ညစ်ရတဲ့အခါသင့်အိမ်ထောင်ဖက်အပေါ် အပြစ်ပုံချချင်စိတ် ပေါ်လာတတ်ပါတယ်။

ဖွင့်မပြောဖြစ်ရင်တောင်မှ
သင်ဟာအိမ်ထောင်သည်ဘဝကိုသိပ်မနှစ်သက်တော့ပါဘူး။

(5) သားရေးသမီးရေးကလေးမရှိတဲ့အိမ်ထောင်သည်တွေကစိတ်မပူရပါဘူး။

အိမ်ရဲ့ရတနာလေးတွေဖြစ်တဲ့ကလေးလေးတွေရလာပြီဆိုရင်ထိန်းဖို့အချိန်မပေးနိုင်တာထိန်းမယ့်သူရှိရင်တောင်ကလေးရဲ့နောင်ရေးပညာရေးအတွက်ပိုမိုကြိုးစားရှာဖွေရတာတွေ ဖြစ်လာပါပြီ။

(6) အိတ်ပေါက်နဲ့ဖားကောက်သင်ကခြေကပ်လက်ကပ်ထားချင်ပေမယ့်စုစရာရယ်လို့ပိုလျှံငွေမရှိတဲ့အခါမှာ ဒုက္ခရောက်နိုင်ပါတယ်။

ရှေ့ကရှာလိုက်နောက်က ကုန်လိုက် ဖြစ်နေတာကြောင့်သင့်ဆီမှာအဖတ်တင်တာသိပ်မရှိနိုင်ပါဘူး။

ဆယ်ကျော်သက်အရွယ်မှာအိမ်ထောင်ပြုဖြစ်တာထက်သင့်ဘဝအတွက်တည်ငြိမ်တဲ့လမ်းကြောင်း၊

တစ်ခုပေါ်ရောက်ပြီးစိတ်မပူရတဲ့အခြေအနေမျိုးမှာလက်ထပ် တာဟာသင့်အတွက်ရောသင့်အိမ်ထောင်ဖက်အတွက်ပါ အကောင်းဆုံးဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။