မွေထိုင်းချန်ပီယံကို မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝ စိန်ခေါ်

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

မြန်မာ့ ရိုးရာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ ဒေဝ ဟာဆိုရင် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ ရှည်လျားတဲ့အရပ် ၊ ထိုးသတ်ပုံ သပ်ရပ်မှုတွေက သူ့ကိုချန်ပီယံအဖြစ်တွန်းပို့ခဲ့သလို ၊ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အစဉ်မပြတ်ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာဆိုရင် မြန်မာရိုးရာလက်ဝှေ့ကို ချစ်ခင်လေးစားသူဖြစ်သလို ၊ တန်ဖိုးထားသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူဟာ မွေထိုင်းလက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်တဲ့ ဘွတ်ခေါင်ကို စိန်ခေါ်ခဲ့တာကြောင့် ပရိသတ်က စိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။

ဒီအကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့်

” When I do the Lekkha Moun – I’m ready to die in the ring ပြိုင်ဖက်ကို လက်ခမောင်းခတ်ပြလိုက်တာဟာ ကျွန်တော်က သူ့စိန်ခေါ်မှုကိုလက်ခံပြီး မြန်မာ့လက်ဝှေ့ရဲ့ဂုဏ်ကျက်သရေအတွက် အသက်ပေးကာကွယ်ဖို့အဆင်သင့်ပဲဆိုတဲ့ အဓိပ္ပာယ်ပါ ” ဆိုပြီး ရေးသား အသိပေးလာတာဖြစ်ပါတယ်။

ဒီလိုစိန်ခေါ်မှုဟာ ပွဲဖြစ်လာမယ်ဆိုရင်တော့ ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာ အသေအချာပဲ။ ဒေဝ ကတော့ စိန်ခေါ်သူပီပီ မြန်မာ့လက်ဝှေ့အတွက် ကြိုးဝိုင်းထဲမှာ အသက်ပေးကာကွယ်သွားဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

source- Day Wa

Be the first to comment

Leave a Reply

Your email address will not be published.


*