ငွေကြေးလိမ်လည်မှုနဲ့ အမှုထပ်ဖွင့်ခံလိုက်ရတဲ့ သရုပ်ဆောင် သီဟတင်စိုး

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။
  • အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။

မင်္ဂလာပါ ပရိသတ်တို့ရေ..

မြန်မာရုပ်ရှင် နဲ့ ဗီဒီယိုလောကမှာ ဂျပန်တွေကို တောက်လျောက် တော်လှန်ခဲ့သူတစ်ဦးဖြစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး ကတော့ ပရိသတ်တွေ အားပေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်နော်။

သူ့ရဲ့ ဖိုင်တင်ခန်းတွေကိုတော့ ပရိသတ်တွေက အခုထိအမှတ်ရနေကြဦးမှာပါ။ သူဟာဆိုရင် ရုပ်ရှင်လောကမှာ သရုပ်ဆောင်အဖြစ်လည်းကောင်း ၊ ဒါရိုက်တာ တစ်ဦးအဖြစ်လည်းကောင်းကျရာ ဘဝမှာ ကျင်လည်ခဲ့လည်းဖြစ်ပါတယ်။

မကြာသေးခင်က သရုပ်ဆောင် သီဟတင်စိုးဟာ အိမ်အကူဖြစ်သူ မဇင်မာမြင့်ကို အလိုမတူပဲ အဓမ္မပြုကျင့်တယ်ဆိုတဲ့ တိုင်တန်းချက်နဲ့ တရားရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ တရားရေးကိစ္စတွေ မပြတ်သေးပဲရှိနေပါတယ်။

ဒါ့အပြင် နောက်ထပ်လည်း ကျိုက်လတ်က ဒေသခံတွေက သရုပ်ဆောင် သီဟ တင်စိုးဟာ သူတို့ဆီက ငွေကြေးတွေကို ချေးငှားပြီး ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်တာကြောင့် ရဲစခန်းတိုင်ပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုဖွင့်သူတွေရဲ့ရှင်းပြချက်အရ သရုပ်ဆောင် သီဟတင်စိုးထံဟာ ” ရွှေစင်မင်း” အမည်နဲ့ ဆိုင်း တည်ထောင်ပြီးတော့ လှည့်လည်ဖျော်ဖြေခဲ့စဉ်က ကိုနေလင်းနိုင် ၊ ကိုအာစီဘသန်း တို့ဆီကနေ ငွေစုစုပေါင်း သိန်း ၇၀ ကျော်ကို ချေးငှားခဲ့တာဖြစ်ပြီးတော့ ယနေ့တိုင် ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်နေခဲ့ပြီး အဆက်အသွယ်လည်း ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒါကြောင့် သူတို့အနေနဲ့ မိမိငွေကိုသာ ပြန်ရလိုချင်စိတ်ကြောင့် ၂ လပိုင်းကတည်းက အမှုဖွင့်ထားခဲ့ပေမယ့် ယနေ့တိုင်ထူးခြားမှု မရှိဘူးလို့ သိရှိရပါတယ်။

  • ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*