
မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ…..
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကိုခြားနားနေပြီး၊
အမျိုးသမီးတွေမှာ သာဖြစ်တတ်တဲ့ ရောဂါ တချို့ကြောင့် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ဖို့လိုပါတယ်။
အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်းဖြစ်လာတာမဟုတ်ဘဲ ရက်ရှည်လများအစပျိုးပြီး ဖြစ်လာတာပါ။
ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင်အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပါ။
ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။
(၁) ဗိုက်ပူနေခြင်း၊
မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေသေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ်။
ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီးစားထားသလိုမျိုး ဗိုက်ဖောင်းပြီးပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။
ဝမ်းဗိုက်က အမြဲလိုလိုတင်းပြီး ပူနေတယ်ဆိုရင် ဒါဟာ ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာအစပျိုးနေတာဖြစ်နိုင်ပါတယ်။
(၂) မေးစေ့နားတဝိုက်ဝက်ခြံတွေထွက်ခြင်း၊
ဝက်ခြံထွက်တာကလည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်တတ်တဲ့အရာမို့သိပ်တော့မထူးဆန်းပါဘူး။
ဒါပေမယ့် မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲလိုလိုထွက်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ အလွန်အမင်းကမောက်ကမဖြစ်နေပါပြီ။
သင့်မေးစေ့နားတဝိုက်မှာ ဝက်ခြံတွေအမြဲထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့သေချာပြသစစ်ဆေးဖို့လိုနေပါပြီ။
(၃) လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်လက်တွေအလွန်အမင်းနာကျင်ခြင်း၊
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်တွေလက်တွေနာတာက ပုံမှန်ဖြစ်နေကျပါပဲ။
ဒါပေမယ့် သင်ကတော့ သူများတွေထက်ပိုဆိုးပြီး လေ့ကျင့်ခန်းလုပ်လိုက်တာနဲ့ မခံမရပ်နိုင်အောင် ၊ မလှုပ်နိုင်လောက်အောင်နာကျင်နေတယ်ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေ သိပ်မကျန်းမာဘူးဆိုတဲ့ လက္ခဏာပါ။
ဒီလိုဖြစ်နေရင် ဆရာဝန်ပြဖို့လိုပါတယ်။
(၄) ဓမ္မတာလာစဉ်သွေးခဲများဆင်းခြင်း၊
ဓမ္မလာတဲ့အခါ သွေးခဲတွေပါလာတာ၊ သွေးရောင်ကပုံမှန်လိုမဟုတ်ဘဲ အညိုရောင်လိုလိုဖြစ်နေတာတွေက သားအိမ်အတွက်စိုးရိမ်ရတဲ့အနေအထားပါ။
ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် သားအိမ်အတွင်းအလုံးဖြစ်နေတာမျိုး၊ ရေအိတ်ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ပြဖို့လိုနေပါပြီ။
(၅) အစားစားချင်စိတ်နည်းလွန်းခြင်း၊
တခါတရံမှာ အစားစားချင်စိတ်ပျောက်နေတာမျိုးကလည်း ပုံမှန်ဖြစ်တတ်တဲ့အနေအထားတစ်ခုပါ။
ဒါပေမယ့် ကိုယ့်အကြိုက်ဆုံး အစားအစာကိုတောင်စားချင်စိတ်မရှိတာမျိုး၊ တစ်နေကုန်နေလို့မှ တစ်ခါလောက်ပဲစားဖြစ်တာမျိုးတွေ ဖြစ်နေရင်တော့ သတိထားရတော့မှာပါ။
ဒါက သားအိမ်ကင်ဆာ အစပြုတဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။
(၆) ဆံပင်တွေအများအပြားကျွတ်ခြင်း၊
ခေါင်းဖြီးလိုက်တာနဲ့ဆံပင်တွေတထွေးကြီးကျွတ်လာရင် ပေါ့ဆမနေသင့်ပါဘူး။
ဒါက ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်နိုင်ပြီး ဆံပင်တွေအများအပြားကျွတ်တဲ့အခြေအနေကနေ ဒီထက်ပိုဆိုးတဲ့ အခြေအနေဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ပြသင့်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။