ပျောက်သွားတဲ့ ချစ်စရာသားလေးကို ၃၂ နှစ်ကြာမှ ပြန်တွေ့သောအခါ

တရုတ်နိုင်ငံက Li Jingzhi ဆိုတဲ့မိခင်တစ်ဦးဟာ လွန်ခဲ့တဲ့နှစ်၃၀ကျော်က ပျောက်သွားတဲ့သားကို၊

နေရာပေါင်း ၃၀၀ကျော်အထိသွားလာပြီး လက်လျှော့ဘဲရှာဖွေခဲ့တဲ့မိခင်တစ်ဦးပါ။

သူတို့ဇနီးမောင်နှံဟာ ကလေးပျောက်သွားခဲ့ပြီးနောက် ကလေးကိုရှာဖို့အတွက် နေရာအနှံ​လက်ကမ်းစာစောင်တွေလိုက်ဝေပြီး ၊

ရှာဖွေခဲ့ပေမယ့် ကလေးကိုခေါ်သွားတဲ့သူတွေဟာ ကလေးမွေးစားချင်တဲ့ဇနီးမောင်နှံဆီမှာရောင်းချခဲ့ပြီး ၊

ကလေးကို အမည်ပြောင်းပေးခဲ့တာကြောင့် နှစ်အတော်ကြာအောင်ရှာမတွေ့ခဲ့တာပဲဖြစ်ပါတယ်။

၂နှစ်သားအရွယ်ကတည်းကပျောက်ဆုံးသွားခဲ့တဲ့ကလေးငယ်ဟာ အရွယ်ရောက်လာပြီးနောက်၊

Xian ရဲဌာနရဲ့ မျက်နှာခန့်မှန်းမှုနည်းပညာနဲ့ Scan ဖတ်ခံရစရာ ကိစ္စတစ်ခုပေါ်ပေါက်လာခဲ့ပြီး အဲဒီကနေတဆင့် DNA စမ်းသပ်မှုပြုလုပ်ခဲ့ရပါတယ်။

 

DNA စစ်ဆေးချက်အရ လူပျောက်တိုင်ထားတဲ့ ကလေးငယ်ရဲ့ DNA နနဲ့ကိုက်ညီနေတာကိုတွေ့ရတဲ့အခါ၊

မိဘဖြစ်သူတွေကိုဆက်သွယ်ခဲ့ရာကနေ သူတို့မိသားစုပြန်လည်ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။

မိခင်ဖြစ်သူဟာ သားဖြစ်သူပျောက်ဆုံးပြီးနောက်မှာ သားကိုအားကြိုးမာန်တက်ရှာဖွေခဲ့ရုံမကဘဲ ၊

တီဗီအစီအစဥ်များစွာမှာပါဝင်ကာ ကလေးပျောက်တဲ့မိဘတွေရဲ့အဖြစ်အပျက်တွေကို ရင်ဖွင့်ပေးခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ သားဖြစ်သူဟာလည်း မိဘအရင်းတွေနဲ့ပြန်တွေ့ချိန်မှာတော့ ၊

မိဘအရင်းတွေနဲ့သာနေလိုကြောင်းပြောကြားခဲ့တဲ့အတွက်၊

၃၂နှစ်ကြာပြီးနောက်မှာတော့ သူတို့မိသားစုလေး ပြန်လည်ပေါင်းစည်နိုင်ပြီပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )