Mask ချုပ်ပြိုင်ပွဲမှာ ဆုရရှိသူ (၃) ဦးကို အမေစုကြေငြာလိုက်ပါပြီ

  • ယခု သတင်းသည် နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

မင်္ဂလာပါ ပရိသတ်တို့ရေ

ကိုဗစ်၁၉ ကူးစက်ရောဂါအတွက် ပြည်သူများ Mask တပ်ကြရန် နှိုးဆော်တဲ့အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ဦးစီးပါဝင်ပြီးတော့ Mask ချုပ်ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ထိုပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်က မြန်မာနိုင်ငံသားများနှင့်တကွ ပြည်တွင်းရှိ အနုပညာရှင် အတတ်ပညာရှင်များကိုယ်တိုင်ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံက မီဒီယာတွေကတောင် ချီးကျူးခဲ့ရပါတယ်နော်။

ထိုပြိုင်ပွဲမကျင်းပမီကတည်းကပင် နိုင်ငံတော် အတိုင်ပင်ခံမှ Mask ပြိုင်ပွဲတွင် Like အများဆုံး ရရှိသူ ၃ ဦးကို ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

အခုအခါမှာတော့ အနိုင်ရရှိသူ ၃ ဦး ကို အမေစုကိုယ်တိုင် သူ့ရဲ့ Facebook အကောင့်ကနေ ယခုလိုပဲ ကြေငြာခဲ့ပါတယ်။

ပထမဆု Eric Yang ၊ ဒုတိယဆု Myo Minn Soe ၊ တတိယဆုWai Waiတို့ကြပါတယ်။အခြားဆုများနဲ့ပတ်သက်လို့ နောက်နေ့မှ ဆက်လက် ပြောပြပါမယ်လို့ရေးသားဖေါ်ပြထားပါတယ်။

ဆုရရှိသူအားလုံးအတွက်လည်း ဝမ်းသာဂုဏ်ယူပေးကြပါဦးနော်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*