စာသင်ခန်းထဲမှာ ကလေးထိန်းနေတဲ့ ကျောင်းသူလေးရဲ့ အဖြစ်မှန်

လောကကြီးမှာ စားဝတ်နေရေးအတွက်မပူမပင်ရဘဲ ပြည့်စုံစွာနေရသူများရှိသလို၊

တစ်နေ့စားဖို့ တစ်နေ့ခါးချိအောင်လုပ်ရသူများလည်း အများအပြားရှိကြပါတယ်။

များသောအားဖြင့် ထိုလူတန်းစားတွေမှာမိဘတွေက စားဝတ်နေရေးအတွက်၊

ကုန်းရုန်းရှာဖွေနေကြရတာကြောင့် ကလေးငယ်တွေကို ထိန်းကျောင်းပေးဖို့ အခက်တွေ့ကြရပါတယ်။

ဗီယက်နမ်နိုင်ငံ Lai Chauပြည်နယ် Tan Uyen ခရိုင်က ၊

ကလေးမလေးတစ်ဦးကတော့ မိဘ၂ပါးမအားလပ်တာကြောင့် ညီမငယ်လေးကို ထိန်းကျောင်းပေးနေရသူတစ်ဦးပါ။

လယ်ယာလုပ်ကိုင်နေရတဲ့မိဘ၂ပါးဟာ စားဝတ်နေရေးအတွက် ကလေးကိုမထိန်းကျောင်းပေးနိုင်တာကြောင့်၊

လူမမယ်ညီမငယ်ကို ထိန်းနေရတဲ့သူမဟာ ပညာရှာဖို့ကိုလည်းမလစ်ဟင်းချင်တဲ့အတွက် ကလေးငယ်ကိုထွေးပွေ့ကာ စာသင်ကြားရရှာပါတယ်။

အစ်မကြီးအမိရာဆိုသလို ပညာသင်ယူနေရင်း ညီမငယ်ကိုထိန်းနေတဲ့သူမရဲ့ပုံရိပ်လေးဟာ မြင်ရသူတိုင်းရဲ့ရင်ကို လှုတ်ခတ်စေမှာအမှန်ပါပဲ။

တကယ့်ကို သားသမီးတာဝန်ကိုရော အစ်မတစ်ယောက်ရဲ့တာဝန်ကိုပါ ကျေပွန်လှတဲ့ ကလေးမလေးပါပဲနော်။

Shwe Yaung Myanmar ( Writer – LLA )