
၁။ သွားကျိုးတယ်လို့ အိပ်မက်မက်ရင်…
လူပုံ အလယ်မှာ အရှက်တကွဲ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာလည်း ပဋိပက္ခလေးတွေ ဖြစ်တတ်တယ်။
အိမ်ထောင်သည် အမျိုးသမီးတွေ သွားကျိုးတယ် လို့ အိပ်မက်မက်ရင် ကိုယ်ဝန်ဆောင်ရမယ့် နိမိတ်ဖြစ်ပါတယ်။
၂။ အမြင့်ကနေ ပြုတ်ကျတယ်လို့ မက်ရင်…
အချစ်ရေးနဲ့ လုပ်ငန်းကိစ္စတွေမှာ ထူးဆန်းတာတွေ ကြုံရတော့မယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
လုပ်ငန်းနဲ့ ပတ်သက်ရင် ပြဿနာဖြစ်နိုင်ပြီး အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ရင်ခုန်စရာလေးတွေ ကြုံတွေ့လာနိုင်တယ် ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
၃။ စာမေးပွဲကို ခက်ခက်ခဲခဲနဲ့ ဖြေရတယ်လို့ မက်ရင်…
ပညာရေးနဲ့ အလုပ် တစ်ခုခုမှာ စိတ်ဖိစီးစရာတွေ ကြုံလာနိုင်ပါတယ်။ ဖြေရှင်းရခက်တဲ့ ပြဿနာတွေအကြား ရောက်သွားနိုင်တယ် ဆိုတဲ့ နိမိတ်ပါ။
ဒီလို အိပ်မက်မျိုးကို မက်ခဲ့ရင် သူတစ်ပါးကို အာမခံပေးတဲ့ ကိစ္စမျိုး မလုပ်တာ အကောင်းဆုံးပါပဲ။
၄။ ကျောင်း (သို့) အလုပ်ကို ဝတ်လစ်စလစ်နဲ့ သွားတယ်လို့ မက်ခဲ့ရင်….
သင့်အလုပ်မှာ ရာထူးတိုးမယ့် နိမိတ်၊ အလုပ်သစ် လုပ်ရမယ့် နိမိတ်ပဲ ဖြစ်ပါတယ်။
ပညာရေးမှာ စာမေးပွဲ ရလဒ်ကောင်းမယ့် နိမိတ်လည်း ဖြစ်ပါတယ်။ လူပုံအလယ်မှာ မျက်နှာပန်းလှပီး ထင်ပေါ်ကျော်ကြားမယ့် နိမိတ်လည်း ဖြစ်ပါတယ်။
၅။ သေဆုံးတယ် လို့ မက်ရင်…
သေဆုံးတယ် ဆိုတဲ့ အိပ်မက်ကို အိပ်မက်ဆိုးလို့ မမှတ်ယူလိုက်ပါနဲ့။ ဒီအိပ်မက်ဟာ ကျန်းမာရေး ကောင်းမွန်စေမယ့် နိမိတ်ကောင်းပါ။
ပြီးတော့ အလုပ်အကိုင်၊ အချစ်ရေး၊ စီးပွားရေးစတဲ့ ကိစ္စတွေမှာ လိုအင်ဆန္ဒတွေ ပြည့်ဝမယ့် နိမိတ်လည်း ဖြစ်ပါတယ်။
၆။ ပျံသန်းရတယ် လို့ မက်ရင်….
ထင်မထားတာတွေ ဘဝမှာ ဖြစ်လာတတ်ပြီး ကိုယ်တိုင် ဖြေရှင်း ထိန်းချုပ်လို့ မရတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်တယ် ဆိုတဲ့ နိမိတ်ပဲ ဖြစ်ပါတယ်။
၇။ အနုပညာရှင် တစ်ယောက်ယောက်နဲ့ တွေ့ဆုံရတယ်လို့ မက်ခဲ့ရင်…
ပညာရပ်အသစ် တစ်ခုခုကို သင်ယူရတော့မယ့် နိမိတ်ပဲ ဖြစ်ပါတယ်။
စိတ်ကူးထားတွေ အမှန်တကယ် ဖြစ်လာမယ်၊ ပျော်ရွှင်စရာကောင်းတဲ့ နေရာကို ခရီးထွက်ရမယ့် နိမိတ်ဖြစ်ပါတယ်။
၈။ ကိုယ်ဝန်ဆောင် နေတယ် လို့ အိပ်မက်မက်ရင်…
အလုပ်အကိုင် တိုးတက်ဖို့ အခွင့်အလမ်းသစ်၊ အကြံဉာဏ်သစ်တွေ ရလိမ့်မယ် ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
တစ်ခါတရံမှာ ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ် ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
၉။ တစ်စုံတစ်ခု အနောက်ကလိုက်လို့ မောပန်းစွာ ထွက်ပြေးရတယ်လို့ မက်ရင်….
မိမိရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာတွေအားလုံး ပြေလည်သွားလိမ့်မယ် ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
ဘဝ တိုးတက်အောင် ကူညီပေးနိုင်မယ့် သူတော်ကောင်း တစ်ယောက်နဲ့ တွေ့မယ်ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
ဒီအိပ်မက်ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး မက်တာများပါတယ်။
၁၀။ ချစ်သူ (သို့) အိမ်ထောင်ဖက်က သစ္စာဖောက် သွားတယ်လို့ မက်ရင်….
အရေးမကြီးတဲ့ ကိစ္စတွေကြောင့် အချိန်ကုန် လူပန်းရမယ့် နိမိတ်ဖြစ်ပါတယ်။ အိပ်မက်ကြောင့် ချစ်သူ အပေါ်မှာ သံသယတွေ သိပ်ပီးမထားပါနဲ့။
ဒီအိပ်မက်ဟာ ချစ်သူဆီကနေ မျှော်လင့်မထားတဲ့ လက်ဆောင်ရမယ် ဆိုတဲ့ အိပ်မက်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။
၁၁။ ထိန်းရခက်တဲ့ ကားကို ကြောက်ကြောက်နဲ့ မောင်းနေရတယ်လို့ မက်ရင်…
မိမိအောင်မြင်မှု မရအောင် အကျင့်ဆိုးတွေက ဟန့်တားလိမ့်မယ် ဆိုတဲ့ နိမိတ်ပါ။
ဒါကြောင့် ဒီလို အိပ်မက်မက်တယ် ဆိုရင် လက်ရှိ ကိုယ့်မှာ ရှိနေတဲ့ အကျင့်ဆိုးတွေကို ဖျောက်နိုင်အောင် ကြိုးစားလိုက်ပါ။
၁၂။ တနေရာကို နောက်ကျမှ ရောက်သွားတယ် လို့ မက်ရင်…
ကတိ တစ်ခုကို မတည်နိုင်ဘူး ဆိုရင် ဘာအကြောင်းကြောင့်မှ မပေးပါနဲ့ လို့ သတိပေးတဲ့ နိမိတ်ဖြစ်ပါတယ်။
ဖြစ်လာမယ့် ဆိုးကျိုးက ကြီးမားသွားနိုင်လို့ပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။