
ဦးနှောက်နှင့်အာရုံကြောကို ပျက်စီးစေသည့် အကြောင်းအရာ(၁၀)မျိုး…..
၁။ မနက်စာမစားခြင်း…
မနက်စာမစားတဲ့လူတွေမှာ သွေးတွင်းသကြားဓာတ်ပမာဏ လျော့ကျနိုင်ပါတယ်။
ဒါက ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရလုံလုံလောက်လောက်မရဖြစ်စေပြီး ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။
၂။ အစာအလွန်အကျွံစားခြင်း….
ဦးနှောက်တွင်းမှာရှိတဲ့ သွေးလွှတ်ကြောတွေကို မာကြောစေပြီး စိတ်စွမ်းအင်ကို လျော့ကျစေနိုင်ပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း…
ဦးနှောက်ကို အကြိမ်ပေါင်းများစွာကြုံ့စေပြီး အယ်ဇိုင်းမားရောဂါဖြစ်စေနိုင်ပါတယ်။
၄။ အချိုအစားများခြင်း…
သကြားဓာတ်များလွန်းခြင်းက ပရိုတင်းဓာတ်နဲ့ အာဟာရတွေစုပ်ယူခြင်းကို အနှောင့်အယှက်ပေးနိုင်တာကြောင့် ၊
အာဟာရချို့တဲ့ခြင်းနဲ့ ဦးနှောက်ဖွံ့ဖြိုးခြင်းတို့မှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
၅။ လေထုညစ်ညမ်းခြင်း…
ဦးနှောက်က ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ကို အသုံးစွဲဆုံးအစိတ်အပိုင်းဖြစ်ပြီး၊
မသန့်ရှင်းတဲ့လေကို ရှူရှိုက်ခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၆။ အိပ်ရေးပျက်ခြင်း…
အိပ်စက်ခြင်းက ဦးနှောက်ကို အနားပေးခြင်းဖြစ်ပါတယ်။
မကြာခဏအိပ်ရေးပျက်ခြင်းက ဦးနှောက်ဆဲလ်များသေဆုံးမှုကို ဖြစ်စေနိုင်ပါတယ်။
၇။ ခေါင်းမြီးခြုံအိပ်ခြင်း….
အိပ်နေစဉ်မှာ ခေါင်းကိုဖုံးပြီးအိပ်တာက ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များလာစေပြီး အောက်ဆီဂျင်လျော့နည်းစေတဲ့အတွက် ဦးနှောက်ကိုအဓိက ပျက်စီးစေနိုင်ပါတယ်။
၈။ နေမကောင်းဖြစ်နေစဉ် ဦးနှောက်ဖြင့်အလုပ်လုပ်ခြင်း…
နေမကောင်းဖြစ်နေချိန် စာကျက်ခြင်း၊ စဉ်းစားရလွန်းသော အလုပ်လုပ်ခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေရုံမက ဦးနှောက်ပျက်စီးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။
၉။ ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်တဲ့အတွေးများ မတွေးခြင်း…
တွေးတောခြင်းက ဦးနှောက်ကို အကောင်းဆုံးလေ့ကျင့်ပေးတဲ့နည်းလမ်းဖြစ်ပြီး စဉ်းစားတွေးခေါ်မှုမရှိခြင်းက ဦးနှောက်ကျုံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။
၁၀။ စိတ်ဖိစီးမှုများခြင်း…
စိတ်ဖိစီးမှုကို ကာလကြာရှည်ခံစားရရင် သွေးတိုးခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာပါတယ်။ ဦးနှောက်ဟာ ပင်ပန်းလာပြီး တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ အာရုံစူးစိုက်ခြင်း စတာတွေကို မလုပ်နိုင်တော့ပါဘူး။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။