အဖွားဖြစ်သူက အလိုလိုက်မိလို့ ဒုက္ခရောက်လုနီးပါ ဖြစ်ခဲ့တဲ့ ၄ နှစ်ကလေး

ခေတ်မီနည်းပညာတွေအချိန်နဲ့တပြေးညီတိုးတက်လာတာနဲ့အမျှ …..

စမတ်ဖုန်းတွေဟာ ကလေးငယ်တွေအချိန်မရွေးကိုင်နိုင်တဲ့အရာ ဖြစ်လို့နေပါပြီ။

လူကြီးမိဘတွေက အထိန်းအကွပ်မရှိဘဲ သုံးခွင့်ပြုထားလိုက်ရင်တော့၊

တစ်ချိန်လုံးဖုန်းသုံးနေကြမယ့် ကလေးငယ်တွေရဲ့မျက်လုံးကျန်းမာရေးက စိုးရိမ်စရာပါပဲ။

အခုလည်း၄နှစ်အရွယ်သာရှိသေးပေမယ့်အဘွားက အလိုလိုက်ပြီး နေ့တိုင်းလိုလို စမတ်ဖုန်းပေးကိုင်ခဲ့တာကြောင့် ၊

မျက်စိကွယ်မလိုဖြစ်ခဲ့ရတဲ့ ထိုင်ဝမ်နိုင်ငံက ကလေးတစ်ယောက်အကြောင်းကို ​ပြောပြပေးချင်ပါတယ်။

အဘွားကတော့ မိဘတွေမရှိခိုက် ဂျီကျနေတဲ့ကလေးငယ်ကို ငြိမ်ဆေးအနေနဲ့ ဖုန်းကိုပေးသုံးခဲ့ပေမယ့် ၊

ဖုန်းသုံးရတာကိုစွဲလမ်းသွားတဲ့အခါ ကြာရှည်ကြည့်ရှုဖို့အတွက် ကလေးငယ်ရဲ့မျက်လုံးတွေကမခံနိုင်တော့ပါဘူး။

ဒီလိုနဲ့ ကလေးငယ်ဟာမျက်စိကွယ်မလိုဖြစ်ခဲ့တာကြောင့် ဆေးခန်းအမြန်ပြခဲ့ရပါတယ်။

ကံကောင်းစွာနဲ့ မျက်စိတော့လုံးလုံးမကွယ်သွားခဲ့ပေမဲ့ နေ့စဥ် game တွေဆော့ video တွေကြည့်ခဲ့တဲ့ရလဒ်အနေနဲ့၊

သူ့မှာ ၄နှစ်အရွယ်လေးနဲ့ ပါဝါ ၆၅၀တောင်ရှိတဲ့မျက်မှန်ကို တပ်နေရတယ်လို့ သိရပါတယ်။

ကလေးရှိတဲ့မိဘတိုင်းအတွက် သတိထားစရာပါပဲနော်။

Shwe Yaung Myanmar ( Writer – LLA )