ဖုန်းပြောတဲ့အခါ ဘယ်နားရွက်နဲ့ပြောသင့်လား ညာနားရွက်နဲ့ ပြောသင့်လား

လူအများစု ကတော့ ဖုန်းပြောတဲ့ အခါ ဖုန်းကိုင်တဲ့ လက် အသုံးပြုတဲ့ ဘက်ခြမ်း နဲ့ပဲ လွယ်လွယ်ကူကူ ဖုန်းပြော လိုက်လေ့ ရှိပါတယ် ။

လေ့လာမှုတွေ အရ ဆိုရင်တော့ ဖုန်းကနေ ထွက်တဲ့ ရေဒီယို ဓာတ်ရောင်ခြည်တွေဟာ ဦးနှောက် အပေါ် သက်ရောက်ပြီး၊

ရေရှည်မှာ ဦးနှောက် ထိခိုက်မှုတွေ ဖြစ်နိုင်တာကြောင့် ဘယ်နားရွက်ကို အသုံးပြုသင့်လဲ ဆိုတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ် ။

စစ်တမ်းတွေ အရ ၆၈ ရာခိုင်နှုန်းသော လူတွေဟာ ဖုန်းပြောတဲ့အခါ ညာဘက် နားရွက်ကို အသုံးပြုကြပြီး၊

၂၅ ရာခိုင်နှုန်းသော လူတွေကတော့ ဘယ်ဘက်နားရွက်ကို ဖုန်းနားထောင်တဲ့ အခါ အသုံးပြု ကြပါတယ် ။

၇ ရာခိုင်နှုန်း သော လူတွေကတော့ ဖုန်းပြောတဲ့ အခါ ဘယ်ဘက်ရော ညာဘက်ခြမ်း နားရွက်ကိုပါ အသုံးပြု ကြတယ်လို့ ဆိုပါတယ်

။ဦးနှောက် ကင်ဆာ အပါအဝင် Brain Tumors ရောဂါတွေဟာ ဖုန်းကနေ ထွက်တဲ့ ရေဒီယို ဓာတ်ရောင်ခြည်နဲ့ ဖုန်းပြောတဲ့ အခါ ဘယ်နားရွက်ကို အသုံးပြုလဲ ဆိုတာတွေနဲ့ ဆက်စပ်နေ တာကြောင့် မပေါ့ဆ သင့်တဲ့ ပြဿနာ တခုပဲ ဖြစ်ပါတယ် ။

ဦးနှောက်ရဲ့ စဉ်းစား တွေးခေါ်မှု အသုံးနိုင်ဆုံး ဘက်ခြမ်းနဲ ဖုန်းနားထောင်တဲ့ အပိုင်းဟာ ဆက်စပ်နေ တာကြောင့် ၊

မိမိဟာ Left Brain Thinker လား Right Brain Thinker လား ဆိုတာကို အရင်သိဖို့ လိုအပ် ပါတယ် ။

အလုပ်တခုကို စနစ်တကျ တိကျသေချာစွာ လုပ်ချင်တယ် ၊ ကိစ္စတခုခုကို လေးလေးနက်နက် ခွဲခြမ်း စိတ်ဖြာ တတ်သူတွေဟာ Left Brain သမားတွေဖြစ် ကြပြီး၊

တီထွင် ဖန်တီး နိုင်စွမ်းအားကောင်းပြီး အနုပညာ မျက်စိ ရှိသူတွေ ကတော့ Right Brain သမားတွေ ဖြစ်ကြ ပါတယ် ။

သင်ဟာ Right Brain Thinker သမား ဆိုရင်တော့ ဖုန်းကို ဘယ်ဘက် နားရွက်နဲ့ နားထောင် သင့်ပြီး Left Brain Thinker သမား ဆိုရင်တော့ ညာဘက်နားရွက်နဲ့ ဖုန်းနားထောင် သင့်ပါတယ်။

၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက် အရ ဆိုရင်တော့ မိမိအသုံးပြုတဲ့ ဖုန်း အမျိုးအစားရဲ့ လုပ်ဆောင်မှုကောင်းတဲ့ ဘက်ခြမ်းနဲ့ နားထောင်ခြင်းဟာ ဓာတ်ရောင်ခြည် သင့်ပြီး ၊

ဦးနှောက် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေး နိုင်တယ်လို့ ဆိုပါတယ် ။i phone, Samsung, HTC ဖုန်းတွေဟာ ညာဘက်ခြမ်း လုပ်ဆောင်မှု ပိုမိုကောင်းမွန်ကြပြီး ၊

LG နဲ့ Xiaomi ဖုန်းတွေကတော့ ဘယ်ဘက်ခြမ်းလုပ်ဆောင်မှု ပိုမိုကောင်း မွန်တယ်လို့ သိရပါတယ် ။

ဖုန်းနားထောင်ခြင်းကြောင့် ဦးနှောက် ထိခိုက် ပျက်စီးမှု မရှိဖို့ အတွက် ဖုန်းကို အချိန်ကြာကြာ နားနဲ့ ကပ်ပြီးပြောခြင်းကို ရှောင်ကြဉ် သင့်ပြီး၊

ဖုန်းအချိန် ကြာကြာ ပြောဖို့ လိုအပ်တဲ့ အခါမျိုးမှာ ဆိုရင်လည်း နားကြပ် အသုံးပြုပြီး နားထောင် တာမျိုးကို ပြုလုပ် သင့်ပါတယ် ။

Credit:santhitsa