
တစ်ခါတုန်းက ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကိုသွားချင်တယ်။
ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။
မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်းရုတ်တရက်မြစ်ရေစပ်မှာစိမ်နေတဲ့ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။
”ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီးဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ””
ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်ငါရေနစ်သေသွားမှာပေါ့
“ကင်းမြီးကောက်၊ “ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။
ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ..။
နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။
ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ”
ဖားလည်းစဉ်းစားတယ်။
ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူး လေ။
အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်။
ဒါနဲ့ ဖားဟာကင်းမြီးကောက်ကို ကျောပေါ်တင်လို့ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။
မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။
နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။
ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။”ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။မင်းပဲ စောစောကပြောတယ်လေ။
ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။အခုငါ့မှာအဆိပ်တက်နေပြီ။ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလာ…
“ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့”ခင်ဗျားသေရင် ကျနော်လည်းရေနစ်သေမှာသိပါတယ်။
ဒါပေမဲ့ တခြားသတ္တဝါတစ်ကေါင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ”
နောက်ဆုံးတော့ ဖားရော ကင်းမြီး ကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။
ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။ကလေးပုံပြင်မဟုတ်ပါဘူး။
လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။
သနားလို့ကူညီပေမဲ့လည်းအဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့သတိပေးသင်ခန်းစာလေးပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။