
အစားအစာများ
နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။
အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိူင်မှာပါ။
လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်လိုက်တာ အကောင်းဆုံးပါ။
နှာစေး > ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက်၊
ချောင်းဆိုး > ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက် နှင့် ချိုသောအစားအစာများ၊
ရုတ်တရက်အစာအိမ်ရောင်ခြင်း > အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း၊
နာတာရှည်အစာအိမ်ရောင် > ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖေါက်ထားသောအစာ၊
အူရောင် > ငှက်ပျောသီး၊ မာလာကာသီး
အသည်းရောဂါ > ငန်း(ကြက်၊ဘဲ)အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ် နှင့် အရက် ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့မရပါ။
နှလုံးရောဂါ > ကယ်လိုရီများသောအစာ နှင့် ငံသောအစားအစာများ၊
ကျောက်ကပ်ရောဂါ > ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်၊
ဆီးချိုရောဂါ > အချိုစာ၊ အရက်၊ အဆီများသောအစာ၊ ဆီကြော်စာ နှင့် အကင်၊
သွေးအားနည်း > တရုတ်နံနံ
သွေးတိုးရောဂါ >အငံဓာတ်များသောအစာ၊ ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ
အစာအိမ်နာ > ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သောဟင်း၊ ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊ ငရုတ်သီး နှင့် မာလာကာသီး၊
အရိုးကာအမြှေးရောင်နာ :
>ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး၊
လိပ်ခေါင်းရောဂါ > အရက်၊ ဆေးလိပ်၊ ဆီကြော်စာတွေ
လေးဖက်နာရောဂါ >ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ၊
အရေပြားAllergic >
ပင်လယ်စာ၊ ပိန်းဥ၊ သရက်သီး၊ ရေခဲ၊ လိုင်ချီးစ်သီး
အာရုံကြောအားနည်း > ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီ နှင့်ကြက်သွန်ဖြူ၊
Credit : Original uploder