အဆိပ်ပြင်းမြွေဟောက်ကို လျှာနဲ့လျက်ပြီး နမ်းပြတဲ့သူရဲ့ အဆုံးသတ်

မြွေရှင်းလင်းရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး၊

ကိုယ်တိုင်လည်းမြွေတွေနဲ့အကျွမ်းတဝင်ရှိလှတဲ့ မလေးရှားကမီးသတ်သမားတစ်ဦးဟာ ၊

တောကြီးမြွေဟောက်လက်ချက်နဲ့ ပြီးခဲ့တဲ့သောကြာနေ့က အသက်ဆုံးရှုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့ မီးသတ်သမားရဲ့နာမည်ကတော့ အဘူဇာရင်ဟူစိန်ဖြစ်ပြီး၊

အသက်၃၃နှစ်အရွယ်နဲ့ မြွေတွေကိုအကျွမ်းတဝင်ရှိလှတာကြောင့် နာမည်ကျော်နေသူဖြစ်ပါတယ်။

ဟူစိန်ဟာ ဖခင်ဖြစ်သူရဲ့ခြေရာကိုလိုက်ကာ မြွေတွေကိုထိခိုက်နာကျင်ခြင်းမရှိအောင် ဖမ်းဆီးတက်သူဖြစ်ရုံသာမက ၊

မြွေဟောက်ကိုနမ်းပြတဲ့ပြကွက်ကြောင့်လည်း နာမည်ကျော်နေသူဖြစ်ပါတယ်။

ကိုယ်တိုင်လည်းမြွေဟောက်တွေမွေးမြူထားပြီး အဆိပ်ပြင်းတဲ့မြွေဆိပ်တွေနဲ့လည်း ရင်းနှီးနေတဲ့ဟူစိန်တစ်ယောက် မြွေကိုက်ခံရပြီး၊

သေသွားတဲ့သတင်းဟာ တကယ့်ကိုအံ့အားသင့်စရာပါပဲ။

သူဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဘန်တောင်မြို့ရှိနေအိမ်တစ်ခုမှာ မြွေသွားရောက်ရှင်းလင်းပေးစဥ်၊

တောကြီးမြွေဟောက်ကြီးရဲ့ ပြင်းထန်စွာကိုက်မှုကိုခံခဲ့ရတာကြောင့် ဆေးရုံတက်ခဲ့ရပြီး နောက်တစ်ရက်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

သူဟာ အကြိမ်၂၀ကျော် မြွေကိုက်ခံခဲ့ရပြီး ထိုအချိန်တွေတုန်းကတော့ အသက်အန္တရာယ်ကလွတ်မြောက်ခဲ့ပေမယ့်၊

ဒီတစ်ကြိမ်တော့ ကံဆိုးစွာနဲ့ အသက်ပါစွန့်လွှတ်ခဲ့ရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )