လက်ပြတ် လက္ခဏာနဲ့ ပတ်သတ်ပြီး လူတွေ သတိမထားမိတဲ့ အရာများ

တချို့သော လူတွေမှာ ဦးခေါင်း လမ်းကြောင်းနှင့် နှလုံးလမ်း တို့သည် ထပ်သွားပြီး တကြောင်းတည်း အနေနဲ့
ရှိနေကြသည်။

အဲဒါကို မြန်မာလို “လက်ပြတ်” အင်္ဂလိပ်လို ” Simian Line, Simian Crease or Single Transverse Palmar Crease” ဟု ခေါ်သည်။

လေ့လာချက် တွေအရ 10%သော လူတို့တွင်သာ ထိုကဲ့သို့သော လက္ခဏာ လက်တဖက်တွင် ပါရှိပြီး၊

၃%သော လူတို့တွင် လက်နှစ်ဖက် စလုံး၌ ပါရှိသည်။ဆေးပညာအရ 80% နီးပါးသော လက်ပြတ်တို့သည် “မျိုးဗီဇ” ကြောင့်ဖြစ်သည်။

ယေဘုယျအားဖြင့် အမျိုးသားတို့ အတွက် ဤ လက္ခဏာသည် ချမ်းသာခြင်းကို ဖန်တီးနိုင်သော စွမ်းရည်အားကိုယ်စားပြု၏။

လက်တွေ့မှာလည်း အောင်မြင်နေသော အမျိုးသား အများစုတွင် ဤလက်ပြတ် လက္ခဏာ ရှိကြသည်။

အမျိုးသမီးများ အတွက်ကတော့ ထိုလက္ခဏာ ရှိခြင်းသည် ခက်ခဲသော ဘဝ၊ ချစ်သူအတွက်ကံ ဆိုးရခြင်းနှင့် ကွာရှင်းပြတ်စဲမှု ဖြစ်တန်စွမ်း များခြင်း တို့ ဖြစ်တတ်သည်။

ဇေယျတု သဗ္ဗမင်္ဂလံ မေတ္တာမွန်ဖြင့်…

Credit > ပုညကလျာဏီ