ဘယ်သူ့ကို လက်ထပ်ရမှန်းမသိလို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့ အမျိုးသား

အခုတစ်ယောက်ကိုလည်းချစ်တယ် နောက်တစ်ယောက်ကိုလည်း မစွန့်လွှတ်နိုင်ဘူးဆိုပြီး ၊

ရွေးချယ်ရခက်နေသူများအတွက် အိန္ဒိယ နိုင်ငံက ရွာတစ်ရွာမှာနေထိုင်တဲ့​ကောင်လေးတစ်ယောက်ကတော့ တစ်ကွက်ပြလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်က Hassanဆိုတဲ့ကျေးရွာတစ်ရွာမှာနေထိုင်သူ အမျိုးသားတစ်ဦးဟာ၊

ချစ်သူတစ်ယောက်ရှိနှင့်ထားပေမယ့် နှလုံးသားရဲ့အလိုဆန္ဒအတိုင်း နောက်ထပ်တစ်ဦးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။

အသက်၂၇ နှစ် အ ရွယ် ထိုအမျိုးသားဟာ အခြားရွာက အသက်၂၀အရွယ်ကောင်မလေးနဲ့ ထပ်မံချစ်ကြိုက်ပြီးနောက်မှာ၊

သူ့ရဲ့ဇာတ်လမ်းကိုဖုံးကွယ်နိုင်ခြင်းမရှိတဲ့အတွက် ငါးရံ့နှစ်ကောင်ဖမ်းတဲ့ဇာတ်လမ်းဟာ ချစ်သူနှစ်ဦးလုံးဆီမှာ ပေါ်သွားပါတော့တယ်။

ဒီအကြောင်းတွေ မိဘတွေသိသွားတဲ့အခါမှာတော့ ချစ်သူ၂ယောက်အနက် ၁ယောက်ကိုပဲ ရွေးချယ်ရတော့မယ့် ၊

ထိုအမျိုးသားဟာ အခက်တွေ့ခဲ့တာကြောင့် ရိုးရှင်းတဲ့နည်းလမ်းကိုပဲ အသုံးပြုခဲ့ပါတယ်။

သူ့နည်းလမ်းလေးကတော့ ချစ်သူ၂ဦးကို ခေါင်းပန်းလှန်ပြီး ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

လူအများကတော့ ဟာသဆန်ဆန်ဒီဖြစ်ရပ်ကို ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ကြပေမယ့်၊

ထိုအမျိုးသားကတော့ ခေါင်းပန်လှန်ရွေးချယ်ရင်း ကံကြမ္မာကသတ်မှတ်ပေးတဲ့ ဖူးစာဖက်ကိုတွေ့ကာ လက်ထပ်လိုက်ပြီပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )
Photo – Original