လမ်းခွဲလိုက်ပြီဆိုရင် ဒီကိစ္စ (၁၀)မျိုး မလုပ်ပါနဲ့တော့

၁။ ကလဲ့စား ချေမယ်လို့ စိတ်ကူး မနေပါနဲ့…

မိမိကို လမ်းခွဲခဲ့တဲ့သူကို ရန်သူအဖြစ် သဘောထားမယ်လို့လည်း တွေးမနေပါနဲ့ ။

ဒီအတိုင်းသာ ထားလိုက်ပါ ။ သင့်ကို သူက ကျောသွားတယ်လို့ တွေးပြီး တနုံ့နုံ့ ဒေါသတွေ ထွက်ပြီး ကလဲ့စားချေဖို့ ပလန် ချမနေပါနဲ့ ။

သင်သိထားရမှာက ကျွန်တော်တို့ ဖြတ်သန်းနေတာ တကယ့် လက်တွေ့ဘဝကြီးပါ ။

တရုတ်သိုင်းကား ရိုက်ကူးနေတာ မဟုတ်ပါဘူး ။ ဒီတော့ ဘာမှ ထွေထွေထူးထူး တွေးတောမနေပါနဲ့ ။

သင့်အပေါ်မှာ သူ အမှားတွေ လုပ်ခဲ့ရင်တောင် ခွင့်လွှတ်ပေးလိုက်ပြီး သင်ဟာ သဘောထားကြီးသူ တစ်ယောက်ဖြစ်ကြောင်း သက်သေ ပြလိုက်ပါ ။

၂။ အဆင်ပြေပါတယ် ဆိုပီး မညာပါနဲ့….

အသည်းကွဲတယ် ဆိုတဲ့ ခံစားချက်က ဘယ်လောက်တောင် ခါးသီးမှန်း ခံစားဖူးတဲ့သူတိုင်း သိပါတယ် ။

သင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ငိုနိုင်ပါတယ် ။ အိပ်ရာပေါ်မှာ အရူးတစ်ယောက်လို လူးလိမ့်ရင်း သင် လက်မခံချင်တဲ့ အမှန်တရားတစ်ခုကို လက်ခံနိုင်အောင် ကြိုးစားနေရပါလိမ့်မယ် ။

ဘယ်သူ့ကိုမှလည်း သင် အဆင်ပြေကြောင်း လိမ်ညာပြီး ပြောမနေပါနဲ့။ အမှန်တကယ် အဆင်ပြေအောင်သာ ကြိုးစားလိုက်ပါ ။

၃။ သူ့ကို လိုက်ပီး စပ်စုမနေပါနဲ့……

ကြည့်စမ်းပါအုံး.. သူက ငါနဲ့ ပြတ်တာတောင် သူငယ်ချင်းတွေနဲ့ ပျော်လို့ မော်လို့ ။

ကြည့်ပါဦး စားနေသောက်နေ လိုက်တာ.. ဆိုတာမျိုး သူ့ကို စိတ်ထဲထည့်ပြီး လိုက်စပ်စု မနေပါနဲ့ ။

သူက ကမ္ဘာကျော် သရုပ်ဆောင်နဲ့ တွဲနေရင်တောင် သင့်အလုပ် မဟုတ်တော့ပါဘူး ။ ကိုယ့်ရဲ့ဘဝ ရပ်တည်မှု လမ်းကြောင်း ကိုသာ အာရုံစိုက်ပြီး ကြိုးစားပါ ။

သူ့အတွက်နဲ့ ထပ်ပီး ခေါင်းရှုပ်ခံ မနေနဲ့တော့ ။

၄။ သင့်ဆီ စိတ်ပြန်လည်လာဖို့ ကြိုးစားမနေပါနဲ့….

သင့်ကို မချစ်လို့ ထားသွားခဲ့တဲ့ လူတစ်ယောက်ကို ပြန်တောင်းပန်ဖို့ ကြိုးစားမနေပါနဲ့ ။ တစ်ညလုံးငိုပီး ဖုန်းတွေဆက် ၊ ပြန်တောင်းပန် လုပ်မနေပါနဲ့ ။

ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါဘူး ။ သင်ကသာ သွေးပူတုန်း ခုလိုတွေ လုပ်နေတာ ၊ သွေးအေးအေးနဲ့ သင့်ကို ထားသွားတဲ့သူက သူချိန်နေတဲ့ တခြားတစ်ယောက် ဒါမှမဟုတ် သူငယ်ချင်းတွေကို သင်သူ့ကို ပြန်ပေါင်းထုတ်ဖို့ ခုလိုတွေ တိုးလျှိုးနေပါတယ်။

ဆိုတဲ့ အကြောင်း ပိုပိုသာသာလေး ကြွားလုံး ထုတ်နေမှာ ။ အကြိမ်ကြိမ် မရှုံးချင်စမ်းပါနဲ့ ။

၅။ သူငယ်ချင်းအဖြစ်နေဖို့ မကြိုးစားပါနဲ့….

သင်တို့နှစ်ယောက် ရှေ့ဆက်လျှောက်ဖို့ အဆင်မပြေတော့လို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပီးပြီပဲ ။

သူစိမ်းတစ်ယောက်နဲ့ ကိုယ်နဲ့ အရင်းနှီးဆုံးလူတွေ ဖြစ်ဖူးခဲ့ပြီးခါမှ တိုက်ဆိုင်မှု မရှိလို့ ကျောခိုင်းခဲ့ကြပြီးပြီ ။

ဘာလို့ ဆက်ပီး ပတ်သတ် နေရဦးမှာလဲ ။ လောကကြီးမှာ မရှိတော့တဲ့လူ တစ်ယောက်လို သတ်မှတ်ထားလိုက်တာကမှ သင့်ကို ပိုပြီး သက်သာစေပါဦးမယ် ။

သူနဲ့ သူငယ်ချင်းလိုလည်း ပြန်ခင်မင်ဖို့ ကြိုးစားမနေပါနဲ့ ။ ဘာလုပ်မှာလဲ အရောင်တွေနဲ့ ခင်မင်မှုတွေ ။

၆။ လွယ်လွယ်ကူကူ အစားထိုးဖို့ မကြိုးစားပါနဲ့….

ပြတင်းပေါက် မှန်တစ်ချပ် ကွဲသွားလို့ နောက်တစ်ချပ်နဲ့ လဲလိုက်သလိုပဲ နှလုံးသားကို အစားထိုး လဲလှယ်ဖို့ မကြိုးစားပါနဲ့ ။

ဒီလိုနဲ့ အမာရွတ်တွေက ပျောက်တော့မှာကို မဟုတ်ဘူး ။ သင့်နှလုံးသားလေးကို အေးအေးဆေးဆေး အနားပေးလိုက်ပါအုံး ။

သူ့ဖာသာသူ အသစ်တစ်ဖန် ပြန်လည်နိုးကြား လာမှပဲ ထပ်ပီး ရွေးချယ်ပါတော့ ။

နေမကောင်းတဲ့လူတောင် နလန်ထခါစမှာ အားနည်းနေတတ်သေးတာပဲ ။ နှလုံးသားကို အနားပေးလိုက်ပါအုံး ။

၇။ အရေးမပါတဲ့ ကိစ္စတွေကို လျှောက်လုပ် မနေပါနဲ့….

ချစ်သူက ထားခဲ့လို့ သတ်သေဖို့ စဉ်းစားနေသလား ။ သင့်ကို လူ့ဘဝထဲ ရောက်အောင် ပို့ပေးဖို့ သင့်အမေ ဘယ်လောက်ထိ ဒုက္ခခံခဲ့ရလဲဆိုတာ ပြန်စဉ်းစားပါ ။

သင် လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ သင့်အဖေ ဘယ်လောက်ထိ ငွေရှာခဲ့ရလဲဆိုတာ ပြန်စဉ်းစားပါ ။ တကယ်တော့ အချစ်မရှိလဲ ဘဝဆုံး မသွားပါဘူး ။

တက်တူး ထိုးတာမျိုးတွေ ၊ ဆံပင်တွေ လျှောက်ညှပ် ပစ်တာတွေ.. မလုပ်ပါနဲ့ ။ ဒီလိုတွေ ပေးဆပ်လိုက်လို့လည်း သူ့စိတ်က သင့်ဆီ ပြန်လည် မလာနိုင်တော့ပါဘူး ။

၈။ အစစ်အမှန် မဟုတ်တော့တဲ့ ခံစားချက်အပေါ်မှာ သာယာဖို့ စိတ်မကူးပါနဲ့….

ငါတို့ လမ်းခွဲကြမယ်.. ဟုတ်ပြီ ။ ဒီနေ့တော့ လျှောက်လည် ကြရအောင် ၊ ရုပ်ရှင် အတူတူ ကြည့်မယ်လေ..

နောက်ပြီးတဲ့အခါ ထုံးစံအတိုင်း အိမ်ထိလိုက်ပို့ ၊ နှုတ်ဆက်အနမ်းလေးပေး ၊ ခုလိုမျိုးတွေ လျှောက် စိတ်ကူးမယဉ်ပါနဲ့ တော့။

( အထူးသဖြင့် ကောင်မလေးတွေ ) အစစ်အမှန် မဟုတ်တဲ့ ခံစားချက်အပေါ် သာယာမှု မလိုချင်ပါနဲ့တော့ ။ အမှန်တရားကိုသာ သတ္တိရှိရှိ လက်ခံလိုက်ပါ ။

၉။ အရှုံးသမားလို ခံစားပြီး ပူဆွေးမနေပါနဲ့….

ဘာကြောင့်များ ငါခုလို ဖြစ်ရတာလဲ ။ ငါကျမှ ဘာလို့ ကံဆိုးနေရတာလဲ ။ တွေးတွေးပြီး ရှုံးနိမ့်သူ တစ်ယောက် အဖြစ်နဲ့ စိတ်ဓာတ်ကျ မနေပါနဲ့ ။

နောင်လာမယ့် ၁၀ နှစ်တာ အချိန်လောက်ကို တွေးကြည့်ပါ ။ ဘယ်သူကမှ သင့်ကိုသူ ထားခဲ့တာကို အမှတ်ရနေမှာ မဟုတ်ပါဘူး ။

သင် အဲ့ဒီအချိန်မှာ ဘာဖြစ်နေမှာလဲ ဆိုတာကိုသာ တွေးနေကြမှာပါ ။ သင် အောင်မြင်နေတဲ့အခါ သင်အသည်းကွဲ ခဲ့ဖူးတာကို သူတို့ မေ့သွားမှာပါ ။

အဲ.. ခြွင်းချက်အနေနဲ့ ကတော့ အဲ့အချိန်ထိ သင်ဟာ ဝေလေလေနဲ့ ကိုယ့်ဘဝကို မဖန်တီးနိုင်သေးဘူး ဆိုရင်တော့ သင်ဟာ အတိတ်ရဲ့ အရိပ်အောက်က ရုန်းမထွက်နိုင်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်အဖြစ်နဲ့ ပြောနေကြမှာပါ ။

အဲ့အထဲမှာ သင့် ချစ်သူဟောင်းတောင် ပါချင်ပါဦးမှာ ၊ တော်သေးပါရဲ့.. အဲ့ဒီလို အရည်အချင်း မရှိတဲ့လူကို ထားခဲ့မိတဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် လို့တောင် ပြောနေဦးမှာ ။

လူဆိုတာ တခြားလူ တစ်ယောက်ရဲ့ ကောင်းကြောင်းကိုသာ မေ့ချင်မေ့မယ် ၊ ဆိုးခဲ့တာတွေကိုတော့ သူတို့ရဲ့ ပါးစပ်ရာဇဝင်မှာ ဘယ်တော့မှ မေ့ကျန်ရစ်မှာ မဟုတ်ပါဘူး ။

၁၀။ ဖေ့ဘုတ်ပေါ်မှာ လျှောက်ပီးမဖွပါနဲ့….

သင်အသည်းကွဲတာ ဝမ်းနည်းတာတွေ ခံစားရတာ နာကျည်းရတာတွေ ကို ကုစားပေးနိုင်တာ သင့်ကိုယ်သင်ပဲ ရှိတာပါ ။

အဲ့ဒါကြောင့် ဖေ့စ်ဘုတ်မှာ အသည်းကွဲ မပြပါနဲ့ ။ လူတွေက သင့်နောက်ကွယ်မှာ လှောင်ပြောင်နေကြ ပါလိမ့်မယ် ။

သင့်ကို စိတ်ရင်းနဲ့ သနားမယ့်လူ လက်တစ်ဖက်ပြည့်အောင် ရေတွက်လို့ရရင် ကံကောင်း ။ စိတ်ရင်းနဲ့ သနားလည်း ခဏပါပဲ။

သင့်ကိစ္စက သူတို့ရဲ့ နေ့စဉ်ဘဝလောက် အရေးမကြီးဘူးလေ ။

တကယ်တော့ အသည်းကွဲတဲ့ ခံစားချက်က အရမ်းကို ဆိုးဝါးမှန်း နားလည်ပါတယ် ။

ကိုယ့်ရဲ့ အရင်းနှီးဆုံး အတွယ်တာဆုံး ရင်ဖွင့်ဖော်ရင်ဖွင့်ဘက် တစ်ယောက်လုံး ကိုယ့် ဘဝထဲက ထာဝရ ထွက်သွားတာ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ ။

သူနဲ့ ဖုန်းပြောနေကျ အချိန်တွေဆို လွမ်းမယ်။ အတူတူ သွားခဲ့ဖူးတဲ့ နေရာတွေကို ရောက်ရင် မျက်ရည်ကျမယ်။

နောက်ဆုံး သူကြိုက်တတ်တာလေးတွေ တွေ့ရင်တောင် ဖြေမဆည်နိုင်အောင် ဖြစ်ရမယ် ။

ဒါပေမယ့် ကျွန်တော်တို့ အသက်ရှင် နေထိုင်နိုင်ဖို့ ကြိုးစားရမယ်လေ ။ တကယ်တော့ အသည်းကွဲတာကို ကုစားဖို့ အချိန်ပဲ လိုတာပါ ။

အချိန်ကာလတစ်ခု ကြာတဲ့အခါ သင်အရင်လိုပဲ ပြန်ပြီး ပျော်ရွှင်လာပါလိမ့်မယ် ။

သင် ပြုံးလိုက်တဲ့ အပြုံးတိုင်းဟာ ပြန်လည် လတ်ဆတ် လာပါလိမ့်မယ် ။ ဒါပေမယ့် ဒဏ်ရာပေါ်မူတည်ပြီး အမာရွတ်လေးတော့ ရှိနေမှာပေါ့နော် ။

ပြောမရဘူး.. တစ်ချိန်မှာ အဲ့အမာရွတ်လေးကို အမှတ်တမဲ့ ထိမိတိုင်း သင် ပြုံးရင်တောင် ပြုံးမိနေဦးမှာပါ ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website