မြေဘယ်လောက် ကိုက်ကိုက် မသေနိုင်တဲ့ လူသား

၁၄နှစ်သားအရွယ်ကတည်းက မြွေဖမ်းတဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုလာတဲ့၊

ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ကတော့ တစ်ပတ်ကိုတစ်ကြိမ်မြွေဟောက်အကိုက်ခံပြီး ၊

မြွေဆိပ်ပြီးတဲ့စွမ်းရည်ကို ရရှိထားတယ်လို့သိရပါတယ်။

Joe Fernando Quililan လို့အမည်ရတဲ့ ဖိလစ်ပိုင်လူမျိုးမြွေဖမ်းဆရာဟာ ၁၇နှစ်ကြာ၊

မြွေဖမ်းလုပ်ငန်းကနေ အဆိပ်ရှိမြွေရာကျော်အကိုက်ခံခဲ့ရပြီးနောက်မှာ၊

သူ့ရဲ့သွေးဟာ မြွေအဆိပ်ကိုခုခံနိုင်စွမ်းရှိတာကိုသိရှိခဲ့ပါတယ်။

ယခုအချိန်မှာတော့ အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Joe ဟာ အစပိုင်းမှာတော့ မြွေကိုက်ခံရချိန်မှာ၊

သေလုမြောပါးခံစားရတာမျိုးတွေ ကြုံတွေ့ခံစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ မူးဝေအော့အန်တာမျိုးလောက်သာ ခံစားရတော့တယ်လို့သိရပါတယ်။

သူ့ကိုဒေသခံတွေက မြွေဆိပ်ပြီးသူလို့ တင်စားခေါ်ဝေါ်ကြပြီး၊

ဂျိုးဟာ မီဒီယာတွေရှေ့မှာတင်သေဆုံးနိုင်တဲ့အထိ အဆိပ်ပြင်းတဲ့ ဖိလစ်ပိုင်မြွေဟောက်ကိုက်တာကို ခံပြခဲ့ပါတယ်။

ရောဂါဖြေဆေးအကြောင်းသုတေသနလုပ်တဲ့အဖွဲ့အစည်းကလည်း joe ကိုစစ်ဆေးခဲ့ပြီးနောက် ၊

သူ့ရဲ့သွေးမှာ အဆိပ်ကိုတုံ့ပြန်နိုင်တဲ့ဓါတ်ကိုတွေ့ရှိကြောင်းအတည်ပြုခဲ့ပြီး ဒီလိုထူးဆန်းမှုကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်ကြောင်းဆိုခဲ့ပါတယ်။

Joe ကတော့လက်ရှိမှာ ဖိလစ်ပိုင်သဘာဝဝန်းကျင်အဖွဲ့အစည်းမှာ အလုပ်လုပ်နေပြီး၊

သူ့ရဲ့ထူးခြားတဲ့ကိုယ်ခံအားစနစ် ဆက်လက်တည်ရှိနေဖို့ ဆက်လက်ကြိုးစားသွားမယ်လို့သိရပါတယ်။

Shwe Yaung Myanmar ( Writer – LLA )