ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလို နဲ့ ဒေါ်လာမီလီယံ ချီပြီး တန်ကြေးရှိနေတဲ့ ပန်းချီကားများ

ကမ္ဘာပေါ်မှာ လက်ရာမြောက်ပြီး ရှားပါးလှတဲ့ ပန်းချီကားတွေ ဒုနဲ့ဒေးပါ။ဈေးတွေကလည်း ခေါင်ခိုက်လွန်းကြပါတယ်။ဒါပေမယ့် ပန်းချီဆိုတာ ပုံဆွဲရတာ ဖြစ်ပေမယ့် တစ်ချို့တော့ ပန်းခေီကားတွေကတော့ အကြောင်းမျိုးမျိုးကြောင့် အရောင်တစ်ခုတည်းဖြစ်နေတာတောင် ဈေးတွေက ဒေါ်လာ သန်းနဲ့ချီပြီးပေးရပါတယ်။ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းနဲ့ ဈေးကြီးလွန်းတဲ့ ပန်းချီကားတွေကို  ဖော်ပြပေးလိုက်ပါတယ်

(၁)”Mirror “လို့ခေါ်တဲ့ ဒီပန်းချီကားကိုတော့ Gerhard Richter ကရေးဆွဲတာ ဖြစ်ပြီး $၁.၁ သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။သာမန်လူတွေ အတွက်ကတော့ ထူးဆန်းနေတာ အမှန်ပါပဲ။

(၂)” Untitled” လို့ခေါ်တဲ့ ဒီပန်းချီကားကိုတော့ ကြည့်လိုက်ရင် ကလေးတစ်ယောက် လျှောက်ထစ်ထားတာနဲ့တူပေမယ့် $၂.၃ သန်းနဲ့ရောင်းထွက်ခဲ့ပါတယ်။ရေးဆွဲသူကတော့ Cy Twombly ပါ။

(၃)” White Fire” ခေါ် ဒီပန်းချီကားကိုတော့ Barnett Newman ကရေးဆွဲတာ ဖြစ်ပြီး $၃.၈ သန်းနဲ့ရောင်းထွက်ခဲ့ပါတယ်။

(၄)” Onement VI ” ခေါ် အပြာရောင် ကားချပ်ကြီး ကိုမှ အလယ်ကနေ အဖြူရောင်နဲ့ခြားထားတဲ့ ဒီပန်းချီကားကိုတော့ ၂၀၁၃ ခုနှစ်မှာ $၄၃.၈၄ သန်းနဲ့ လေလံတင်ရောင်းထွက်ခဲ့ပါတယ်။

(၅)”Untitled (Yellow and Blue” ခေါ် အဝါနဲ့အပြာ ရောစပ်ထားတဲ့ ဒီပန်းချီကားကိုတော့ Mark Tothko က 1954 ခုနှစ်မှာ ရးဆွဲထားတာ ဖြစ်ပြီး $၄၆.၅ သန်းနဲ့ရောင်းထွက်ခဲ့ပါတယ်။

(၆)” White Center( yellow pink and lavender on rose)” ခေါ် ဒီပန်းချီကားကိုတော့ Mark Rothko ကပဲရေးဆွဲထားတာ ဖြစ်ပြီး ၂၀၀၇ မှာ $၇၂.၈၄ သန်းနဲ့ရောင်းထွက်ခဲ့ပါတယ်။

(၇)”False Start” လ်ု့ိခေါ်တဲ့ ဒီပန်းချီကားကိုတော့ Jasper Johns ကရေဆွဲထားတာဖြစ်ပြီး ကာလာနဲ့ပတ်သက်ပြီးအရမ်းလက်ရာမြောက်တဲ့ ပန်းချီကားကို ပြောကြပါတယ်။2006 မှာတော့ Kenneth C Griffin က $၈၀ သန်း နဲ့ဝယ်သွားပါတယ်။

(၈)” Orange,Red,Yellow” ခေါ် ဒီပန်းချီကားကိုတော့ Mark Rothko ကပဲ ရေးဆွဲထားတာပါ။$၈၆ သန်းတန်တဲ့ ပန်းချီကားဖြစ်ပါတယ်။

(၉)ဒီစာရင်းမှာ ဈေးအကြီးဆုံးကတော့ ” No.6″ လို့ခေါ်တဲ့ ဒီပန်းချီကားပါ။ အလျား ၈ ပေ အနံ ၄ ပေ ရှိတဲ့ ဒီပန်းချီကားကိုတော့ Jackson Pollock ကရေးဆွဲခဲ့တာ ဖြစ်ပြီး တန်ဖိုးအနေနဲ့ကတော့ $၁၆၁.၇ သန်းရှိပါတယ်။

ဝင်ရောက်ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။
Shwe Yaung Myanmar(Writer-KK)