အသက်ကြီးလွန်သူ၊ ငယ်လွန်းသူကို ယူမိရင် ခံရမယ့်ဆိုးကျိုးများ

အချစ်မှာ အသက်အရွယ် ဆိုတာမရှိဘူး ။

နှစ်ဦးနှစ်ဘက် ချစ်ရင် ပြီးတာပဲ လို့ ဆိုကြတယ် ။

တကယ်တမ်း ချစ်လို့ တွဲပြီ ဆိုတော့မှ ပြဿနာက စတာ။ တစ်ခုပြီး တစ်ခု နဲ့ မဆုံးနိုင်တော့ဘူး။

ဘာလို့လဲ ဆိုတော့ အသက်ခြင်း တအား ကွာနေပြီ ဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး။

အမြင်နဲ့ ခံယူချက် တွေကလည်း ကွာ ကြတယ် ။ ဒီဒုက္ခ တွေ ကတော့ အသက် ကွာလွန်းသူကို ချစ်မိ သူတိုင်း ကြုံရတဲ့ ဒုက္ခတွေပဲ ဖြစ် ပါတယ် ။

လွှမ်းမိုးခြင်း….

အသက်ကြီးတဲ့ သူကလည်း သူက အကြီးမို့ သူပြောတာ နားထောင် စေချင်တယ်။ အနိုင် လိုချင်တယ်။

ငယ်တဲ့ သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီး အနိုင် ရချင်တယ် ။ အလျှော့ ပေးစေချင်တယ် ။

အကြိုက်မတူခြင်း…..

ဒါကလည်း သိပ်မဆန်းတဲ့ အရာ တစ်ခုပဲ ။ အသက်ကြီးတဲ့ လူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေချင်တယ်။

ဆိုင်ကောင်းကောင်းလေး မှာ ထိုင်ပြီး စကား ပြောချင်တယ်။

ငယ်တဲ့ လူကတော့ လျှောက်သွား၊ လျှောက်စား နေချင်ပြီး ပွဲလမ်းတွေ ဆိုလည်း သွားချင် ပါသေးတယ် ။

အသုံးအဖြုန်းကြီးခြင်း…..

အသက်ကြီးသူ ကတော့ ပိုက်ဆံ ကို မဖြုန်း တော့ဘူး။ ငယ်တဲ့ လူကျတော့ သုံးချင်တာ ဆို သုံး လိုက်ရမှပါ ။

အဲ့ဒီကိစ္စ နဲ့ လည်း ခဏခဏ စကားများ ရပါတယ်။

နှစ်ဦး သဘောတူ ညှိရ ခက်ခြင်း….

မတူတာတွေ များပေမဲ့ ချစ်တဲ့ စိတ်နဲ့ ညှိနှိုင်းလို့ မရဘူးလားလို့ မေးစရာ ရှိတယ် ။ တကယ်တမ်း ကျတော့ မဖြစ်နိုင်ဘူး။

အမြင်နဲ့ ခံယူချက်တွေက ကွဲပြားနေတာ ဆိုတော့ ညှိလို့ကိုမရပါဘူး ။

ပတ်ဝန်းကျင် မကောင်းခြင်း ဘေးပတ်ဝန်းကျင် ကလည်း အသက်ကြီးတဲ့ လူကို တွဲတာ ပိုက်ဆံကြောင့် လို့ ထင်ကြေး ပေးတာလည်း ခံရ ပါသေးတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website