ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်းနည်း

ထမင်းပေါင်းအိုးနဲ့ပေါင်းတာပါ။ အရမ်းလွယ်ပါတယ်။

ငါးသလောက်ကို လိုသလိုတုံး။ ဆေးကြောသန့်စင်ပြီးရင် ဆား၊ ဆနွင်း၊ ငံပြာရည်၊ သကြားထည့် ရှောက်သီးကို အရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။

ပေါင်းမမယ့် အိုးထဲမှာ ဇပလင်ကို အနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။

ခရမ်းချဉ်သီး ငါးလုံးကိုလည်း လေးစိတ် စိတ်ပြီးခင်း အဲ့အပေါ်ကနေမှ ငါးတွေကိုနေရာချ။

ရေ နည်းနည်းထည့်ပြီး ပေါင်းပါတယ်။ ရေခမ်းရင်တော့ ငါးမြုတ်ရုံ ထည့်ပေးပါတယ်။

ရေထည့်တဲ့အခါ ငါးအပေါ်ကို လောင်းမထည့်ပါနဲ့။ ဘေးကနေ ညင်ညင်သာသာ လောင်းထည့်ပေးပါ။

လေးကြိမ်လောက်ထည့်ပြီး ရေခမ်းရင် အရိုးလည်းနူးလောက်ပါပြီ။

ကြက်သွန်ဥ လေးတွေထည့်။ ရေထပ်ထည့်ပြီး ဆူအောင်တည်။

အရိုး နူးမနူးလည်းစစ်ပါ။ အရိုးနူးလောက်ပြီဆိုရင် ဒယ်အိုး တအိုးထဲမှာ ဆီကိုဆူနေအောင်တည်။

ငြုပ်သီးလေးတောင့်လောက်ကို ညက်အောင်ထောင်းပြီး ဆီသတ်။

ဆီသတ်ရင် ရေလေးနည်းနည်း ထည့်ပြီးသတ်ပါ။ ငြုပ်သီးလည်းမတူးသလို အရသာ လည်းပိုကောင်းပါတယ်။

ပြီးရင်အအေးခံပြီး ငါးသလောက် အိုးထဲထည့်ပါ။

ရေခမ်းပြီး ဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။

ကြာချိန် (2) နာရီမှ (4)နာရီအတွင်းဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website