
မအောင်မြင်ခင်အချိန်က ကားဝပ်ရှော့မှာအလုပ်သမားဘဝကနေပြီးစခဲ့ရတဲ့….
အောင်မြင်ခြင်း နည်းလမ်းများကိုပြောပြလာသော အဆိုတော်မနော…
ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် မနောရဲ့ လေးစားစရာ အကြောင်းလေးပဲ ဖြစ်ပါတယ်။
မနောကသူ့ဘဝကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြံတွေ သူ့ရဲ့ page ကနေမျှဝေလာခဲ့ပါတယ်။
ပရိသတ်အခိုင်အမာရရှိထားတဲ့အဆိုတော် မနော ကတော့အနုပညာလှုပ်ရှားမှုတွေကိုဆက်လက်လုပ်ဆောင်နေပြီး သမီးဖြစ်သူ မေကြေးမုံ ကလည်း အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပါပြီ။
ဖအေတူသမီးလေးမို့အသံလည်းအရမ်းကောင်းပြီး အခုဆိုမေကြေးမုံကိုအားပေးတဲ့သူတွေတောင် အများအပြားရှိနေပါပြီ။
မနောက အခုခေတ်လူငယ်တွေကို အချိန်ကို အကျိုးရှိအောင် အသုံးချတတ်ဖို့နဲ့သူ့ရဲ့ဘဝအတွေ့အကြုံတွေကို ယခုလိုပြောပြလာခဲ့ပါတယ်။
မနော က..
(၁)ကျွန်လို သည်းခံရမယ်။ (၂)သခင်လိုဖြစ်အောင် ရည်ရွယ်ချက် ပြင်းထန်ရမယ်။
(၃)မိမိဆရာထက်စောစောထရမယ် ဝေယျာဝစ္စပြုလုပ်ပြီး နောက်ကျမှအိပ်ရတယ်။
(၄)နေ့ရက်တွေတိုင်းမှာ အချိန်ကို ခိုးယူတတ်ရမယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
မနောဟာ ကားဘော်ဒီရုံမှာ
အလုပ်လုပ်ခဲ့ပြီးသူများတွေ ၉နှစ် ကြာမှတတ်တဲ့ ပညာကို သူများတွေထက်စောစောထကာအလုပ်ကိုပိုကြိုးစားပြီး၊
လေ့လာသူဖြစ်တဲ့အတွက် ၆နှစ်နဲ့ပညာ တွေတတ်မြောက်ခဲ့ပါတယ်။
နောက်တော့တရုတ်ပြည် ” ဝပြည်နယ် ” မှာ ဆေးသုတ်တဲ့အလုပ် လုပ်ကိုင်တဲ့သူငယ်ချင်းတစ်ယောက်ဟာ မနောဆီကို လာလည်ခဲ့တယ်။
လက်ဖက်ရည်သောက်ရအောင်ဆိုပြီး ဆိုင်ခေါ်ပြီးသူဘယ်လိုဝင်ငွေရတယ် ဘယ်လောက်အထိရတယ်ဆိုတာကိုပြောပြခဲ့တော့မနောကအရမ်းအားကျခဲ့တယ်။
အဲ့ခေတ်က တစ်လ ၁၅၀၀ ပဲရသေးတာကိုး သူ့သူငယ်ချင်းက၂သိန်းကျော်ရနေတော့ အားကျတာဟာမဆန်းပါဘူး။
ဒီလိုနဲ့ သူ့သူငယ်ချင်းက သူနဲ့အလုပ်လိုက်လုပ်ဖို့ခေါ်တယ်။သူဆုံးဖြတ်ချက် ဝေဝါးနေခဲ့တယ်။
ဒါနဲ့ပဲ မနောဟာ သူ့ရဲ့မေမေနဲ့တိုင်ပင်တော့” မေမေကခွင့်မပြုဘူး ငါ့သား မင်းကိုယ်ပိုင်ဆိုင်ခွဲနိုင်တဲ့အချိန်မှ မင်းဆရာကိုခွင့်တောင်းပြီး၊
ဆိုင်ခွဲပါတဲ့ဆရာကဆိုင်ခွဲဖို့ခွင့်မပြုဘူးဆိုလျှင်တော့မင်း’ဝ’ပြည်နယ်ကိုထွက်လုပ်ချင်လုပ်ပေါ့တဲ့ ခွင့်တောင်းရမှာမင်းအပိုင်းခွင့်ပြုတာမပြုတာက ဆရာ့အပိုင်းတဲ့ ” ဆိုပြီးပြောခဲ့တယ်။
ဒီလိုနဲ့ ဆရာကိုပြောဖို့လုပ်တိုင်း မပြောရဲ အမြဲလွဲနေခဲ့တာကြောင့် သူထွက်ပြေးခဲ့တယ်။
ဆရာက ခဏခဏပြန်ခေါ်တယ်။ သူ့အမေကပြန်ပို့ခဲ့တယ်။ သို့သော်ခဏခဏပြန်ထွက်ပြေးနေတော့သူ့ဆရာကလည်းမင်းထိုက်နဲ့မင်းကံဆိုပြီးထားလိုက်တော့တယ်။
သူ့အမေကလည်း မနောကအသက်ငယ်သေးတော့စိုးရိမ်စိတ်နဲ့အသိဖြစ်တဲ့အန်တီဆု အကူအညီနဲ့ဆရာဦးဇော်လွင် ဆန်းသစ်ရောင်ခြည် အမည်ရှိ ကားဘော်ဒီရုံကိုရောက်ခဲ့တယ်။
ဆရာကလည်းဘယ်လောက်ထိတတ်လဲစသဖြင့်အလုပ်နဲ့ပတ်သတ်တာတွေမေးတယ်ပေါ့။
တိုက် မှောက် အကုန်ပြင်နိုင်ပြီဆိုတော့ ဆရာကလည်း တစ်လ ၄၅၀၀ ပေးတယ်။
ဒီလိုနဲ့ သူက ကြိုးစားရင်းနဲ့လက်ထောက်နေရာရကာ တစ်လကို ၉ထောင် ပေးခဲ့တယ်။
ဒီလိုနဲ့ သူကိုယ်တိုင် အလုပ်တွေကို စီမံခန့်ခွဲနိုင်ပြီး လက်ခံနိုင်လာတယ်။
လက်ထောက်ဆိုတော့ပညာကမသေးဘူးလေ။ နောက်တော့ သူကတပည့်တွေလည်းရကာ ဆရာကောင်းပီပီနည်းနည်းယူများများပေးရတယ်။
သူတို့ထက်လည်း အစောထသန့်ရှင်းရေးလုပ်ဘာညာ စသဖြင့် ပြီးတော့မှသူအားကိုးရတဲ့ တပည့်တွေကိုနိုးပြီး အလုပ်ဆက်ကြတယ်ပေါ့။
ဒီနေရာမှာလည်း သူဟာညဘက်တွေဆို ၁၂ထိအလုပ်ဆင်းပြီး ပိုကြိုးစားက
လေ့လာသင်ယူခဲ့ရတယ်။
ပညာတွေမြန်မြန် တတ်မြောက်ချင်တဲ့အတွက်ပေါ့။ ဒီလိုနဲ့ပဲ သူက ဆရာဇော်လွင်ဆီမှာ ကားအသစ်တွေကို လုပ်တတ်လာခဲ့တယ်။
ဟိုင်းလပ် ဆန်နီ ပါဗလေကာ ဘန်စူပါရုကားနှင့်ဂျစ်ကားတွေကိုဆရာတွေရဲ့ကျေးဇူးနဲ့လုပ်တတ်လာခဲ့တယ်။
ဒါနဲ့ပထမသင်ပေးခဲ့တဲ့ဆရာဦးသိန်းဇော်ဆီက တိုက်ခံရတဲ့ကားတွေကို ဖြောင့်တတ်ခဲ့တယ်။ ကားအမိုးကိုင်းကပ်ခြံ ပညာလည်း ထပ်မံရခဲ့တယ်။
နောက်တော့ ကိုယ်တိုင် ကားမောင်းတတ်ခဲ့တယ်။ ဒါ့အပြင် ဆရာ့ဆီမှာပညာသင်ဆဲမှာပဲသူ့ရဲ့မင်းသမီးနဲ့ အိမ်ထောင်ကျခဲ့တယ်ပေါ့ဗျာ။
ဒီလိုနဲ့နောက်ပိုင်းမှာ မိဘဆရာကျေးဇူးများနဲ့သူဟာဆရာဖြစ်ခဲ့တယ်ပေါ့။
ဒီလိုနဲ့ သူဟာ ဘာ့ကြောင့်
ဒီလိုတွေလုပ်နိုင်တဲ့ထိ အောင်မြင်ခဲ့လည်းဆိုတာကိုအချက် ၇ ချက်နဲ့ ပြောပြလာခဲ့တယ်။
၁။အချိန်ကိုတန်ဖိုးထားခြင်း(အချိန်လုခဲ့ခြင်း)
၂။စာတွေတော်တော်လေးဖတ်တယ်။
၃။မိဘ ဆရာသမားများရဲ့အဆုံးအမ သြဝါဒကိုခံယူတယ်။
၄။မိမိရည်ရွယ်ချက်ကိုအပျက်မခံဘူး ၅။
မိမိအလုပ်အပ်သူများကို လေးစားတန်ဖိုးထားတယ်။
ကတိတည်တယ် အရှုံးပေါ်လည်းမိမိလက်ခံထားသည့်အတိုင်းအပြီးထိဆက်လုပ်ပေးတယ်။
(ဒါဟာ တာဝန်ယူမှု စိတ်ဓာတ်အပြည့်အဝရှိပြီး ဆရာကောင်းပီသတာပါ)
၆။ရိုးသားပွင့်လင်းတယ် ပြုပြင်စရာများကိုအတိအကျအရှိအတိုင်းပြောတယ် (ဒါကလည်း သူများတွေလို ရပါတယ်ကွာဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး)
၇။ရက်ချိန်းတစ်လလုပ်ရမည့်ကားကိုရက်၂၀ ဝန်းကျင်နှင့်အပြီးနေ့ညကြိုးစားလုပ်ပေးတယ်။
ည (၂) နာရီဝန်းကျင်ထိ အချိန်ပို ဆင်းပေးခဲ့တယ်။ မပြည့်စုံသူတွေအတွက်တော့ အားလပ်ချိန်နဲ့ အနားယူချိန်ကိုတတ်နိုင်သမျှလျှော့ရမယ်ပေါ့ဗျာ ” ဆိုပြီး ၊
အဆိုတော် မနောဟာသူကြုံတွေ့ခဲ့ရတာတွေကို ချစ်ပရိသတ်ကြီးထံ ပြန်လည်မျှဝေပေးတာပဲ ဖြစ်ပါတယ်။ အဆိုတော်မနောက အတွေ့အကြုံအရမ်းများတဲ့ သူတစ်ယောက်ပါပဲ။
အချိန်ကိုဘယ်လိုအသုံးချပြီး
ကြိုးစားခဲ့တယ်ဆိုတာကအစ ပြောပြပေးခဲ့တာပါ။
သူဟာကျနော်တို့ကို ဘယ်လိုစိတ်မျိုးထားရမယ် ဘယ်လိုကြိုးစားရမယ်ကအစသင်ပေးလိုက် သလိုပါပဲ။ တကယ်ကိုလေးစားအတုယူဖွယ်ပါနော်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website