
မိုးကြိုးများပစ်နေချိန် နေအိမ်အတွင်း မပြုလုပ်သင့်သည့်အချက်များ….
မိုးဦး၊ မိုးနှောင်းကာလမှာဆိုရင် အခြားသော အချိန်များထက် မိုးကြိုးပစ်ခြင်းများ ပို၍ ဖြစ်ပွားတတ်ပါတယ်။
အဲဒိလို မိုးကြိုးများ အဆက်မပြတ် ပစ်နေချိန်မှာ မိမိတို့သည်။
နေအိမ်အတွင်း ရှိနေပေမယ့် သတိထားရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။
မိုးကြိုးပစ်နေတုန်းမှာ ရေချိုးခြင်း၊ ပန်းကန်ဆေးခြင်းတို့ ပြုလုပ်ရင် အန္တရာယ်ရှိနိုင်ကြောင်း ပညာရှင်များ ပြောထားပါတယ်။
လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်နေချိန်မှာ ရေမချိုးရဘူးဆိုတာကို သိကောင်းသိနေ နိုင်ပေမယ့်လည်း၊
မိုးကြိုးပစ် မခံရအောင် တစ်နည်းအားဖြင့် ဓာတ်လိုက်မခံရအောင် အိမ်ထဲမှာမလုပ်သင့်တဲ့အရာက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။
အိမ်အပြင်ဘက်မှာ လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေမယ်ဆိုရင် ညစ်ပေနေတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောတာဟာလည်း အန္တရာယ်ကြီးမားပါတယ်လို့ Reader’s Digest သတင်းစာမှာ ဖော်ပြထားပါတယ်။
မိုးကြိုးတွေပစ်နေချိန် ရေချိုးမိလို့ လူတွေထိခိုက်ဒဏ်ရာရကြတဲ့ ဇာတ်လမ်းတွေဟာဒဏ္ဍာရီဆန်ပေမယ့်လည်း အခြေအမြစ်မရှိတာတော့ မဟုတ်ပါဘူး။
လျှပ်စီးက တိမ်တိုက်ကနေ ထွက်လာတဲ့အခါမှာ မြေပြင်ထဲကို အမြန်ဆုံးလမ်းကြောင်းကနေ ဝင်ရောက်သွားလေ့ရှိပါတယ်။
သံဘောင်တေ၊ သံပိုက်လိုင်းတွေဟာ အကောင်းဆုံး ဓာတ်ကူ ပစ္စည်းတွေဖြစ်လို့ တခါတရံ သူ့လမ်းကြောင်းက အဆောက်အဦး တစ်ခုဆီ ဦးတည်သွားတတ်ပါတယ်။
ဒါပေမယ့်လည်း လျှပ်စီးဟာ အတွင်းကလူကို မထိခိုက်ဘဲ အိမ်တစ်လုံးကို ဖြတ်သွားနိုင်ပေမယ့်လည်း တချို့သော အခြေအနေတွေမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေတတ်ပါတယ်။
အိမ်ရဲ့ပိုက်လိုင်းစနစ်ထဲက ရေထဲမှာ လျှပ်ကူးမှုအားကောင်းတဲ့ သတ္တုအမှုန်အမွှားတွေ ပါနေတတ်ပါတယ်။
တကယ်လို့ သင် ပန်းကန်တွေဆေးကြောနေတုန်းမှာ သင့်အိမ်ကို မိုးကြိုးထိမှန်ပြီဆိုပါတော့။
လျှပ်စစ်ဓာတ်က ပိုက်လိုင်းကိုအဖြတ်မှာ ရေထဲကို ရောက်သွားပြီး နောက်ဆုံး သင်နဲ့ ထိတွေ့နေတဲ့ ပန်းကန်ဆေးဇလုံကို ရောက် လာပါတယ်။
ရေချိုးနေရင်လည်း ရေပိုက်ခေါင်းကတစ်ဆင့် အလားတူဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။
အိမ်ထဲမှာ နေရင် မိုးကြိုးအပစ်ခံရနိုင်ခြေက ၇၇၅၀၀၀ ပုံတစ်ပုံပဲရှိလို့ ဖြစ်နိုင်ခြေက အင်မတန်နည်းပါးပါတယ်။
ဒါပေမယ့်လည်း အဲဒါဟာ သင့်ရဲ့နယ်မြေထဲမှာ မိုးကြိုး ပစ်သံတွေကြားရင် မကာကွယ်ရဘူးလို့ မဆိုလိုပါဘူး။
ပိုက်တွေထဲ ရေတွေကို ပိတ်ထားတာအပြင် လျှပ်စစ်ကြိုးတွေ အသုံးပြုမှုကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
အကင်စက်တွေ၊ မွှေစက်တွေဆိုတာလည်း အလားအလာရှိတဲ့ ဓာတ်ကူးပစ္စည်းတွေပဲ ဖြစ်ပါတယ်။
မိုးကြိုးများ ပစ်နေချိန် လျှပ်စစ်ပစ္စည်းများ အသုံးပြုနေခြင်းကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုပါတယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website