ဖုန်းတွေ ပေါက်ကွဲမှုမဖြစ်အောင် သတိထားသင့်တဲ့ ၇ ချက်

တစ်ခါတုန်းက အမျိုးသမီး တစ်ယောက် ဖုန်း ကို ကားဒတ်ဘုတ်ပေါ်တင်ထားရင်း ရုတ်တရက်ထပေါက်ကွဲတာမျိုးဖြစ်ခဲ့ဖူးပါတယ် ။

ထိခိုက် ဒဏ်ရာ ရတာမျိုးမရှိခဲ့ပေမယ့်လည်း ကားမောင်းသူအမျိုးသမီးအတွက်တော့ အတော်လေးထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုးဖုန်းပေါက်ကွဲတာတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ။

(၁) ဖုန်းဘတ္ထီရီ လဲရင် တရားဝင်အရောင်းဆိုင်တွေမှာပဲ လဲသင့်ပါတယ်။

လမ်းဘေးမှာရောင်းနေတဲ့ဖုန်းဘတ္တရီတွေဟာ အရည်အသွေးနိမ့်ပစ္စည်းတွေဖြစ်တာကြောင့် အချိန်မရွေးပေါက်ကွဲနိုင်ပါတယ်။

(၂) ပါဝါဘန့်တွေကို ပစ်ပေါက်တာမျိုးမလုပ်ပါနဲ့။

တစ်ခါတုန်းကလေဆိပ်မှာ လုံခြုံရေးက ပါဝါဘန့်ယူဆောင်သွားခွင့်မပေးတဲ့အတွက် ပါဝါဘန့်ကို ကိုင်ပေါက်ခဲ့ရာမှာ ၊

မီးခိုးတွေထွက်ပြီး ပါဝါဘန့်တစ်ခုလုံးမီးကျွမ်းသွားခဲ့ဖူးပါတယ်။

(၃) ဘတ္တရီကိုမကိုက်ပါနဲ့ တစ်ခါတုန်းက တရုတ်နိုင်ငံမှာ အိုင်ဖုန်းဝယ်တဲ့သူတစ်ယောက်ဟာ ဘတ္တရီကိုစမ်းသပ်တဲ့အနေနဲ့ ကိုက်ကြည့်လိုက်ပါတယ် ။

သူကိုက်လိုက်တဲ့အခါမှာ ဘတ္ထရီထဲက အက်ဆစ်တွေယိုစိမ့်ပြီးတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ် ။

ကံကောင်းစွာပဲ အလျင်အမြန်အဝေးကို ပစ်လိုက်တဲ့အတွက် ဒဏ်ရာမရှိခဲ့ပါဘူး ။

(၄) ဖုန်းအောက်ကို ပြုတ်ကျတဲ့အခါမှာလည်း ထပေါက်နိုင်ပါသေးတယ် ။

စက်ဘီးသမားတစ်ဦး ဖုန်းသုံးရင်းအောက်ပြုတ်ကျသွားတဲ့အတွက် လှမ်းကောက်လိုက်တဲ့အချိန်မှာ ဖုန်းထပေါက်ခဲ့တာကြောင့် မျက်နှာမီးလောင်သွားတဲ့ဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။

(၅) ဖုန်းအားသွင်းကြိုး အပေါစားတွေသုံးရင်လည်း ဖုန်းထပေါက်နိုင်ပါသေးတယ်။

ထို့အပြင် 3A မီးအားသွင်းကြိုးတွေနဲ့သွင်းမယ်ဆိုရင် ဖုန်းထပေါက်ဖို့ အလွန်အခွင့်အရေးများပါတယ်။

(၆) ဖုန်းအားသွင်းနေတုန်း ဖုန်းပြောရင်လည်းဖုန်းထပေါက်နိုင်ပါတယ်။

အသက် ၁၈ နှစ်အရွယ် အိန္ဒိယသူလေးတစ်ဦးဟာ ဖုန်းအားသွင်းရင်းနဲ့ဖုန်းပြောနေစဉ်မှာပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။

အားသွင်းထားတုန်းဖုန်းပြောဖို့လိုတယ်ဆိုရင်တော့ ဖုန်းကို ခပ်ဝေးဝေးမှာထားပြီး စပီကာဖွင့်ပြီးပြောပါ။

(၇) နောက်ဆုံးတစ်ခုက ဖုန်းကို အရက်ပြန် သို့မဟုတ် လက်ဆေးရည်တစ်ခုခုနဲ့ အမြဲတစေ သန့်ရှင်းပေးပါ။

ဖုန်းမှာ ရှိနေတဲ့ ဘတ်တီးရီးယားတွေဟာ အိမ်သာကမုတ်ထက်ကို ၁၀ ဆလောက်ပိုများကြောင်း အေရီဇီုးနား တက္ကသိုလ်မှထုတ်ပြန်ထားပါတယ်။

ဒီတော့ ဖုန်းကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင် ဖုန်းမှရောဂါပိုးတွေ သင့်ကို ကူးစက်နိုင်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website