
စိတ်ထား ယုတ်ညံ့တဲ့ မိန်းမတွေမှာ တွေ့နေရတဲ့ လက္ခဏာ ၅ ခု…!
၁ ။ ကိုယ့်ဘဝကိုရှက်တယ်….
လူတိုင်းဟာကံ မတူတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မွေးဖွားလာပုံ ချင်း၊ကြီးပြင်းလာ ပုံချင်း မတူညီပါဘူး။
တစ်ချို့က ချမ်းသာစွာ မွေးဖွား လာရတယ်၊ တစ်ချို့က ဆင်းရဲစွာ မွေးဖွားလာကြတယ်။ မိန်းမယုတ်တွေဟာ ဆင်းရဲချို့တဲ့စွာ မွေးဖွားလာ ရတဲ့ အခါမှာ ကိုယ့်ဘဝကိုရှက်တယ်။
ကိုယ့်မိဘကို ထုတ်ပြောရမှာ ရှက်တယ်၊ မိသားစုကို လူရှေ့ထုတ်ပြရမှာ ရှက်ကြ ပါတယ်။
ကိုယ့်မိသားစုကို လူရှေ့ထုတ်ပြရမှာ ရှက်တာလောက် ယုတ်ညံ့တဲ့ စိတ်ထား မရှိတော့ ပါဘူး။ ဒါကြောင့် ဒီလို မဖြစ်အောင်ဆင်ခြ င်နေထိုင်ပါ ။
၂ ။ မာန်တက်တယ်….
ယုတ်ညံ့တဲ့ မိန်းမတွေဟာ ချမ်းသာရင်ပဲဖြစ်ဖြစ် ၊သုံးနိုင်ဖြုန်းနိုင်ဖြစ် နေရင်ကို အလိုလို နေရင်း မာန်တက်ပြီး သူတစ်ပါးကို နှိမ်တတ် ကြပါတယ် ။
ကိုယ့်ထက် နိမ့်ကျတဲ့သူ၊ အားငယ်တဲ့သူတွေကို ခွဲခြားဆက်ဆံပြီး အာဏာ ပြလာတတ် ကြပါတယ်။
များသောအားဖြင့်ငွေစကားပဲ ပြောတတ်ကြပြီး ယဉ်ကျေးသမှုလုံးဝ မရှိကြပါဘူး။
စကားအပြော အဆို၊ အမူအယာတွေက အစသူတစ်ပါးကို အထက်စီး ဆန်ပြီးမာန်မာန ထောင်လွှားနေတတ်တဲ့ သူတွေပါ။
ဒါဟာ ယုတ်ညံ့တဲ့ စိတ်ထားဖြစ်တာ ကြောင့် ဒီလိုမဖြစ်အောင် အထူးဆင် ခြင်နေထိုင်ရပါမယ် ။
၃ ။ ကိုယ်ကျင့်တရားဖောက်ဖျက်တယ်….
မိန်းမယုတ်တွေရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခု ကတော့ ကိုယ်ကျင့်တရား ဖောက်ဖျက် တာပါပဲ ။
အိမ်ထောင်သည်ကို မြှူဆွယ် ဖြားယောင်းတာ ၊သူတစ်ပါးမိသားစု အသိုက်အမြုံကို ဖျက်ဆီးတာ၊ ဖောက်ပြန်တာ၊ သူတစ်ပါး ထမင်းအိုးကို ခွဲတာ၊
အပျိုဖြစ်ပြီး အိန္ဒြေသိက္ခာမဲ့ ပရမ်းပတာ သွားလာနေထိုင်ပြုမူတာ ၊ကိုယ်ကောင်းစားဖို့ သူတစ်ပါးဘဝကို ဖျက်ရမှာ ဝန်မလေးတာ၊ ခိုးဝှက်တာတွေ အားလုံးဟာ ကိုယ်ကျင့်တရား ဖောက်ဖျက် တာပါပဲ။
ဒါကြောင့် ဒီလိုမျိုးထဲ သင်မပါမိ အောင်ဂရုစိုက်ပါ ။
၄ ။ လိုချင်လောဘကြီးတာ…
လိုချင်လောဘ ကြီးတာလည်း မိန်းမယုတ်တွေရဲ့ လက္ခဏာ ပါပဲ။ မိန်းမယုတ်တွေဟာ ကိုယ့်မှာရှိတဲ့ပစ္စည်းနဲ့ မကျေနပ်မရောင့်ရဲ နိုင်ပါဘူး ။
တစ်ခုရရင် နောက်တစ်ခု ထပ်လိုချင်တဲ့ သူမျိုးတွေပါ။ သူတို့ဟာ ကိုယ့်မှာ ဘယ်လောက်ပဲ ရှိရှိ သူများဥစ္စာကိုပဲ ပိုလှတယ် ပိုကောင်းတယ်လို့ မြင်တတ်ကြတဲ့ သူမျိုးတွေပါ၊
ဒါကြောင့်သူတို့ဟာ လိုချင်တာရဖို့ ယုတ်ညံတဲ့ အလုပ်ကို လုပ်ရရင် တောင်မှ တွန့်ဆုတ် မနေတတ်တဲ့သူတွေပါ။
ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်၊ ဆင်းရဲတဲ့လူ ကလည်း ဆင်းရဲတဲ့ အလျောက် လိုချင်လောဘကြီး ပုံချင်းကတော့ အတူတူပါပဲ ။
၅ ။ စိတ်ထားယုတ်တယ်….
နှုတ်ကြမ်း အာကြမ်းတိုင်း ယုတ်ညံ့တဲ့ စိတ်ထား ရှိတာ မဟုတ်ပါဘူး။
မိန်းမယုတ်ဆိုတာ ဘယ်လောက်ပဲ စကားချိုတွေပြော ၊လှပကျော့ရှင်း နေအောင်ဝတ်ပြီး အဆင့်အတန်းရှိတဲ့ ပုံဘယ်လောက် ဖမ်းဖမ်း စိတ်ဓာတ်ကတော့ ကုန်းကောက်လို့ မရလောက်အောင် နိမ့်ကျသူ တွေပါ ။
သူတစ်ပါးကို မနာလိုတာ၊ သူတစ်ပါး ကောင်းစားတာကို မမြင်ချင်တာ၊ ကိုယ့်ထက်သာရင် ဒေါက်ချိုးချင်တာ၊ ချောက်တွန်းတာ၊ သူတစ်ပါအကျိုးကို ဖျက်လို့ ဖျက်ဆီး လုပ်တာတွေ အားလုံးဟာ မိန်းမယုတ် တွေရဲ့လက္ခဏာတွေ ပါပဲ ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google and Others Website