သင့်ကိုယ်သင် သတိထားမိမှာ မဟုတ်တဲ့ အောင်မြင်မှုပိတ်ဆို့ခြင်း အကျင့် (၇)မျိုး

သင်သတိမထားမိတဲ့ သင့်ရဲ့အောင်မြင်မှုကို ပိတ်ဆို့ထားတဲ့ အချက်(7)ချက် …

သေးငယ်တဲ့ရေပေါက်လေးတခုကသဘေႅာကြီးတစ်စင်းကိုနစ်မြုပ်စေသလိုလူတယာက်မှာရှိတဲ့၊

အကျင့်ဆိုးသေးသေးလေးတွကလဲသူ့ဘဝရဲ့အောင်မြင်မှုကိုနစ်မြုပ်စေပါတယ်။

ဒါကြောင့် စာဖတ်မိတ်ဆွေတွေအတွက်ဘဝရဲ့အောင်မြင်မှုတွေကိုပိတ်ဆို့နေတဲ့အရာတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ရည်မှန်းချက်မရှိပဲပျင်းရိနေခြင်း…

ရည်မှန်းချက်မရှိတဲ့သူကသဲကန္နာရထဲလမ်းပျောက်နေသလိုပါပဲလျှောက်တာလျှောက်နေတယ်ဘယ်ကိုရောက်မယ်မှန်းလဲမသိဘူး။

ဘဝမှာလူတယောက်အောင်မြင်တိုးတက်ဖို့ဆိုရင်ကိုယ့်ရဲ့ဘဝ၊ကိုယ်မိသားစု၊ကိုယ့်ရဲ့လုပ်ငန်းအတွက်ရည်မှန်းချက်ကြီးကြီးမားမားချထားဖို့လိုပါတယ်။

(၂)လေ့လာသင်ယူမှုမလုပ်ခြင်း..

လေ့လာသင်ယူခြင်းကစစ်မြေပြင်ကိုထွက်မယ့်စစ်သူကြီးတွေကိုလက်နက်တွေတပ်ဆင်ပေးလိုက်သလိုပါပဲ။

ဘဝဆိုတဲ့တိုက်ပွဲတွေကိုသင်ကဘာလက်နက်မှမပါပဲတိုက်နေမယ်ဆိုရင်အရှုံးတွေနဲ့ပဲရင်ဆိုင်ရမှာပါ။

(၃)စည်းကမ်းမရှိခြင်း …

လူတယောက်အောင်မြင်တိုးတက်ဖို့အတွက်စည်းကမ်းဆိုတာအရေးပါဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။

စည်းကမ်းမရှိတဲ့သူကပတ်ဝန်းကျင်ရဲ့အထင်မြင်သေးခြင်းကိုခံရပြီးကိုယ့်မိသားစု၊ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှုကိုပါထိခိုက်စေပါတယ်။

(၄)ကိုယ့်ကိုအထင်ကြီးခြင်း၊အထင်သေးခြင်း…

လူတယောက်ကကိုယ့်ကိုကိုယ်အထင်သေးလွန်းရင်လည်းလူရာမဝင်တော့သလိုအထင်ကြီးလွန်းရင်လည်း တခြားသူတွေကို နှိမ်သလိုဖြစ်ပြီး၊

ပေါင်းသင်းဆက်ဆံရေးမှာအဆင်မပြေဖြစ်ကာကိုယ့်ရဲ့ဘဝ၊ကိုယ့်ရဲ့လုပ်ငန်းတွေရဲ့တိုးတက်မှုကကျဆင်းလာတက်ပါတယ်။

(၅)အချိန်ကိုတန်ဖိုးမထားခြင်း…

ယနေ့ခေတ်လူငယ်တွေတော်တော်များများကကိုယ့်ရဲ့အားလပ်ချိန်တွေကို Social Media တွေပေါ်မှာပဲကုန်နေကြတယ်။

လူတယောက်အောင်မြင်တိုးတက်ဖို့ဆိုတာကိုယ့်ရဲ့အားလပ်ချိန်တွေမှာလဲအချိန်တွေကိုတန်ဖိုးရှိရှိအသုံးချတက်ဖို့လိုပါတယ်။

(၆)အသုံးဖြုန်းကြီးခြင်း…

မလိုအပ်တာတွေဝယ်နေရင်လိုအပ်တာတွေထုတ်ရောင်းရတက်ပါတယ်။ဒါကြောင့်လိုအပ်တဲ့နေရာမှာပဲသုံးပါ။မလိုအပ်တဲ့နေရာတွေမှာမဖြုန်းပါနဲ့။

(၇)အပျော်ပါးမက်လွန်းခြင်း

လူငယ်သဘဝဆိုတာကတော့အပေါင်းသင်းများပြီးအပျော်ပါးနဲ့မကင်းနိုင်ပါဘူး။

ဒါပေမယ့်တစ်ခါတစ်လေကကိစ္စမရှိပေမဲ့အကယ်၍သင်ကအပျော်ပါးတွေဖက်မှာပဲလုပ်တာများနေရင်တော့၊

သင့်ဘဝရဲ့အောင်မြင်တိုးတက်မှုလမ်းကြောင်းအတွက်အချိန်မပေးနိုင်တာတွဖြစ်လာနိုင်ပါတယ်။

ဒီအချက်လေးတွေကမိတ်ဆွေတို့အတွတ်အကျိုးရှိစေတယ်ဆိုရင်ပြန်လည်မျှဝေပေးခဲ့ပါအုံးနော်။

အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ကြပါစေ။

Credit-Advice Myanmar by Than Min Aung