အပင်တွေရဲ့ အရွက်နဲ့အမြစ် အတွက် ဆေးရည်ပြုလုပ်နည်း

ထမင်းသိုး ဆန်တစ်ဗူးချက်ခန့်….

သကြား ထမင်းစားဇွန်း-2 ဇွန်း….

နို့ချဉ် ၅၀ စီစီ…

ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။ ပြီးနောက် ၅ မိနစ်ခန့် မွှေပေးပါ။

ထမင်းသိုးမှ အရည်အားလုံး သမသွားပါက ၅ မိနစ်ခန့် အနည်ထိုင်အောင် စောင့်ပါ။

အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။

စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ။

သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွှေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး အရိပ်ထဲထားပါ။

ဘူးအဖုံးကိုတော့ အလုံမပိတ်ဘဲ တစ်ရစ်ခန့် ချန်ထားးပါ GAS ထွက်ရန် ဖြစ်ပါတယ်။

(၃) ရက်မြောက်နေ့တွင် ထပ်ပြီးလုပ်ပါ။ အဖုံးကို တစ်ရစ် ချန်ပြီး ပြန်ပိတ်ပါ။

၇ ရက်မြောက်မှာတော့ အသင့်သုံး ထမင်းသိုးဂျူလင်စီကို ရပါပြီ။

ဒီဆေးရည်သည် အပင်၏ အမြစ်နဲ့ အရွက်များ အတွက်ကို များစွာ အကျိုးးပြုပါတယ်။

N ဒြပ် အများဆုံးပါဝင်သောကြောင့် ဖျန်းပြီး သုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။

အပင်ထဲထည့်ပါက အမြစ်ရှင်သန်ပြီး အစာစားကောင်းပါတယ်။

အရွက်မှ ဆေးရည်ကို တိုက်ရိုက်စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွား စေပါတယ်။

ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။

အရွက်ဖျန်းဖို့အတွက်….

– ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း

အပင်လောင်းရန်အတွက်…

– ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း

#Shared #Shared_Myay #Myay #ရှယ်မြေ #မြေ #စိုက်ပျိုးရေး #စိုက်ပျိုးမြေ #နည်းပညာ