
iphone တစ်လုံး သိန်း ၂၀ တန်တာလောက်ကတော့ အခုဖော်ပြမယ့် ဖုန်းတွေ အိမ်နေတာလောက်ပဲရှိတယ်။ဒီနေ့မှာတော့ စာဖတ်သူ ပရိသတ်တွေဗဟငသုတလည်းရ ဝယ်ချင်တဲ့သူရှိရင်လည်း( ခ်ခ်) ဝယ်လို့ရအောင်
ကမ္ဘာ့ဈေးအကြီးဆုံး (၁၀) လုံးကို ဖော်ပြလိုက်ပါတယ်နော်
(၁၀)Vertu Signature Cobra
Nokia ကထုတ်လုပ်ထားတဲ့ ဒီစိန်စီ ဖုန်းကတော့ $310,000 တန်ဖိုးရှိပါတယ်။
(၉)Goldvish Revolution
Swedin ကုမ္ပဏီဖစ်တဲ့ Goldvish က ထုတ်လုပ်ထားတဲ့ ဒီဖုန်းကတော့ ကမ္ဘာပေါ်မှာ ၃၂ လုံးသာရှိပါတယ်။တန်ဖိုးအားဖြင့် $488,150 ရှိပါတယ်။
(၈)Gresso Las Vegas Jackpot
Gresso ကထုတ်လုပ်ထားတဲ့ ဒီဖုန်းကတော့ ကမ္ဘာပေါ်မှာ ၃ သုံးသာရှိပါတယ်။တန်ဖိုးကတော့ $1 M ဖြစ်ပါတယ်။၄၅.၅ ကာရက်ရှိတဲ့ စိန်နဲ့ရွှေနဲ့ အလှဆင်ထားလို့ပါ။
(၇)Goldvish Le Million
Goldvish ကနေ နောက်တစ်လုံးထုတ်လုပ်ထားတဲ့ ဒီဖုန်းကတော့ ရွှေဖြူ ၁၈ ကာရက်နဲ့စိန် ၁၂၀ ကာရက်တို့နဲ့အလှဆင်ထားတာပါ။ဈေးနှုန်းကတော့ $1.3 M ဖြစ်ပါတယ်။
(၆)Diamond Crypto Smartphone
Peter Aloisson ခေါ် ဒီဇိုင်နာက ဖန်တီးထားတဲ့ဒီဖုန်းကတော့ စိန်တုံး ၅၀ တုံးနဲ့အလှဆင်ထားပြီး တန်ဖိုးကတော့ $1.3 M ဖြစ်ပါတယ်။
(၅)Iphone 3G King’s Button
Peter Aloisson ရဲ့လက်ရာနောက်တစ်လုံးဖြစ်တဲ့ ဒီဖုန်းကတော့ ရွှေနဲ့စိန် ကိုမှ ၁၅၀ ကာရက်ကျော်နဲ့ အလှဆင်ထားတာဖြစ်ပြီး တန်ဖိုးကတော့ $2.5 M ဖြစ်ပါတယ်။
(၄)Goldstriker Iphone 3GS Supreme
ရွှေ၊စိန်ပေါင်း ၂၂၀ ကာရက်နီးပါးနဲ့ အလှဆင်ထားတဲ့ ဒီဖုန်းကတော့ အပေါ်က တစ်လုံးနဲ့နည်းနည်းဆင်ပါတယ်။တန်ဖိုးအနေနဲ့ကတော့ $3.2 M ဖြစ်ပါတယ်။
(၃)Iphone 4 Diamond Rose Edition
Stuart Hughes ဖန်တီးထားတဲ့ ဒီဖုန်းကတော့ စိန်နဲ့ရွှေ ၁၆၀ ကာရက် နီးပါးနဲ့အလှဆင်ထားတာဖြစ်ပြီးတော့ တန်ဖိုးအားဖြင့် $8M ဖြစ်ပါတယ်။
(၂)Iphone 4S Elite Gold
ဒီဖုန်းကတော့ စုစုပေါင်း ၁၀၀ ကာရက်ရှိတဲ့ စိန်အတုံး ၅၀၀ ကို ပတ်ပတ်လည်လည်မှာ စီထားပြီး ခလုတ်နေရာကိုတော့၂၄ ကာရက်ရှိတဲ့ ရွှေနဲ့လုပ်ထားပါတယ်။
တန်ဖိုးကတော့ $9.4M ဖြစ်ပါတယ်။
(၁)Falcon Supernova Iphone 6 Pink Diamond
2004 တုန်းက ထုတ်လုပ်ထားတဲ့ဒီဖုန်းကတော့ သူ့နောက်မှာ ဘယ်လောက်ကောင်းတဲ့ ဖုန်းတွေ ထွက်လာပါစေ တန်ဖိုးကိုတော့ မကျော်နိုင်ကြပါဘူး။အနောက်မှာ ကပ်ထားတဲ့ ကျောက်မျက်ရတနာကြောင့်ဖြစ်ပြီး တန်ဖိုးအနေနဲ့ $48.5M ရှိပါတယ်။
ဝင်ရောက်ကြည့်ရှုပေးတာ ကျေးဇူးတင်ပါတယ်။
Shwe Yaung Myanmar (wtiter-KK)