စိတ်ဓာတ်ကျတဲ့ အခါတိုင်း ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ

“စိတ်ဓါတ်ကျခဲ့ရင် မရပ်တန့်လိုက်ပါနဲ့… ၃ စင်တီမီတာကို သတိရပါ”

ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ် အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ ဝါးပင်တစ်ပင်ဟာ ၁ ရက်ကို ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။

၆ ပတ်အတွင်း ၁၅ မီတာ လောက် အမြင့်ကို ရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့ ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင် အားစိုက်နေလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ ကိုယ်လုပ်သမျှ အကျိုးရလဒ် မမြင်ရတဲ့ အချိန်မှာ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ ထင်တဲ့အချိန်မှာ ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာမြင့်ချင်ရင် ၁၀ မီတာအတွက် အခြေခိုင်အောင် လုပ်ရမယ်။

အဲဒီတော့ အချိန်က ၁ နှစ် ကြာချင် ကြာမယ်။

ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကို ခံနိုင်တဲ့ အခြေခံ ရှိရမယ်လေ။

အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်လို့ ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်း အကျိုးမမြင်ရရင်လည်း စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ ပြောချင်ပါတယ်။

ကိုယ်သာ အခြေခိုင်အောင် အမြစ်ပွား၊ ကြိုးစားနေသ၍ တစ်နေ့ကျရင် အမြင့်ကို ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။

အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက် များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာကို ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကို မကြာခင် ရောက်မယ့်သူပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကို သတိရပါ ။ ငါ့ရဲ့ ၃ စင်တီမီတာပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website