အချိုရည်ဘူးတွေ ခဏခဏ သောက်လေ့ရှိသူများ သတိပြုပါ

အလုပ်တွေကိုအာရုံစူးစိုက်ပြီးလုပ်ကိုင်နိုင်ဖို့နဲ့ အိပ်ချင်စိတ်ပျောက်ပြီး ခေါင်းကြည်ဖို့အတွက်၊

အားဖြည့်အချိုရည်တွေကို တရားလွန်သောက်သုံးတက်ကြသူများအတွက် အဖြစ်အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။

Austin လို့နာမည်ရတဲ့အမျိုးသားဟာ အလုပ်ကိုကြာရှည်စွာလုပ်ကိုင်နိုင်ဖို့အတွက် အားဖြည့်အချိုရည်တွေကိုမကြာခဏသောက်ရာကနေ ၊

တရားလွန်သောက်သုံးလာခဲ့ပြီး အဲ့ဒီနောက်မှာတော့ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့နေလာရင်း Austin တစ်ယောက် ဦးနှောက်သွေးယိုစီးမှုဖြစ်လာခဲ့ပြီး ၅နာရီကြာခွဲစိတ်မှုခံယူခဲ့ရပါတယ်။

ခွဲစိတ်ပြီးနောက်မှာလည်း သတိမေ့နေသေးတဲ့အတွက် စက်တွေ ပြွန်တွေနဲ့ချိတ်ဆက်ကုသခဲ့ရပါတယ်။

Austin ရဲ့မိဘ၂ပါးနဲ့ ဇနီးသည် Brianna တို့မှာ လူရုပ်တောင်မပေါ်တဲ့အထိ စက်တွေနဲ့ချိတ်ဆက်ကုသထားရတဲ့ Austin ကိုမြင်ကာ ရင်ကွဲပက်လတ်ဖြစ်ခဲ့ကြရပါတယ်။

Austinရဲ့ကိုယ်ဝန်ကိုလွယ်ထားရတဲ့ ဇနီးသည် Brianna တစ်ယောက် မီးဖွားချိန်မှာလည်း ဦးနှောက်ထပ်မံခွဲစိတ်မှုပြုလုပ်ထားရတဲ့ Austin ဟာအနားမရှိနိုင်ပေးခဲ့ပါဘူး။

သတိပြန်လည်ရလာပေမယ့် လေဖြတ်ခဲ့ပြီး နောက်ထပ်ကုသမှုတွေလည်း ပြုလုပ်ခဲ့ရတာကြောင့် သားလေး၂လအရွယ်ရောက်မှ ဖခင်နဲ့သားဆုံစည်းခဲ့ရတယ်လို့သိရပါတယ်။

တကယ့်ကိုရင်ထိတ်စရာဖြစ်ရပ်ပါပဲနော်။

ဆရာဝန်တွေကတော့ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်ကအကြောင်းအရင်းဟာ အားဖြည့်အချိုရည်အလွန်အကျွံသောက်သုံးခြင်းကြောင့်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါကြောင့် အားဖြည့်အချိုရည်ကို အလွန်အကျွံသောက်သုံးတော့မယ်ဆိုရင်သတိထားဆင်ခြင်သင့်ပါတယ်နော်။

Shwe Yaung Myanmar ( Writer – LLA )