ဖုန်းအဟောင်းတွေကို အကျိုးရှိစွာ အသုံးချဖို့ နည်းလမ်း(၅)သွယ်

ကိုယ့်အိမ်မှာ မော်ဒယ်နိမ့် သွားလို့ မသုံးချင်ဘဲ ပစ်ထားတဲ့ ဖုန်းတွေရှိရင် ဒီနည်းတွေနဲ့ အသုံးချလို့ရပါတယ်။

ဖုန်းတစ်လုံးဟာ သုံးလို့ ရနေသ‌ရွေ့ ကိုယ့်အတွက် အတော်ကြီး အလုပ်လုပ်ပေးနိုင်တဲ့ အီလက်ထရွန်းနစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

မသုံးဖြစ်လို့ ချောင်ထိုးထားတဲ့ ဖုန်းဟောင်းတွေကို အခုလို နေရာတွေမှာ အကျိုးရှိရှိ ပြန်သုံးလို့ ရပါတယ်။

(၁) နှိုးစက် / MP3 Player….

ဖုန်းဟောင်းတစ်လုံးဟာ ဂိမ်းကစားဖို့အတွက် RAM မနိုင်တော့ရင်တောင် သင့်အိပ်ရာဘေးမှာ နှိုးစက်အဖြစ် အသုံးချလို့ ရပါတယ်။

ခပ်မိုက်မိုက် Clock App လေး ထည့်ထားပြီး ဘေးမှာ Phone Stand နဲ့ တင်ထားရင် စမတ်ကျတဲ့နှိုးစက်ဖြစ်သွားပါပြီ။

Music လေးတွေ ခံစားချင်ရင်လည်း ဖုန်းဟောင်းကို Spotify နဲ့ ချိတ်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေ နားထောင်ဖို့ mp3 player လို သုံးလို့ ရပါတယ်။

(၂) Google Home….

Google Assistant သုံးနိုင်တဲ့ ဖုန်းဟောင်းတွေကို Google Home အဖြစ် ပြန်သုံးလို့ရပါတယ်။ ကိုယ့်ဖုန်းက “Okay Google” ကို နားလည်တယ်ဆိုရင် WiFi ချိတ်ပေးထားပြီး စပီကာတစ်လုံးနဲ့ charger သုံးပြီး ချိတ်ရုံပါပဲ။

Google Home ထုတ်ကုန်အစစ်မဟုတ်လို့ တချို့ apps တွေကတော့ လူကိုယ်တိုင် manual ဖွင့်ရတာမျိုးတွေတော့လည်း ရှိနိုင်ပါတယ်။

(၃) CCTV ကင်မရာ……

အန်းဒရိုက်ဖုန်းဟောင်းတစ်လုံးကို လုံခြုံရေးကင်မရာအဖြစ် အိမ်မှာ ပြန်ဆင်လို့ရပါတယ်။

အန်းဒရိုက်အတွက် free ပေးထားတဲ့ IP Webcam app တစ်ခုကို ဒေါင်းပြီး ဖုန်းထဲမှာထည့်ပြီး ဖုန်းကနေ live streaming ရိုက်‌နေတာကို ကိုယ်ရောက်နေရာကနေ ကြည့်နိုင်အောင် cloud broadcasting တင်ပြီး ကြည့်နိုင်ပါတယ်။

အိမ်ထဲတင်ဆို Local WiFi Network နဲ့ ချိတ်ပြီး ကိုယ့်ကွန်ပျူတာပေါ်ကနေ ကြည့်နိုင်မှာပါ။

တချို့တွေကတော့ မသုံးဖြစ်တဲ့ ဖုန်းဟောင်းကို ကလေးလေးတွေကို စောင့်ကြည့်ဖို့ Baby Monitor တစ်ခုအဖြစ်လည်း အသုံးချကြပါတယ်။

အသံနဲ့ ဆက်သွယ်နိုင်ပြီး ကလေးလှုပ်ရှားမှုကို သိနိုင်တဲ့ feature တွေ ပါတဲ့ Cloud Baby Monitor app ဆို Android နဲ့ iOS နှစ်မျိုစလုံး ထွက်ထားပြီး အပြီးအစီး ၅ ဒေါ်လာပဲ ပေးရပါတယ်။

(၄) WiFi Hotspot…..

ဖုန်းဟောင်းကို အင်တာနက်ပြန်လွှင့်ပေးမယ့် WiFi Hotspot အနေနဲ့ သုံးဖို့ဆို ဒေတာရှိတဲ့ SIM Card တစ်ခုပဲ လိုပါတယ်။

ဖုန်း Settings ထဲက Wi-Fi networks အောက်မှာ Wi-Fi hotspot ဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ ကိုယ့် Network Name နဲ့ Password ထားပြီး Hotspot လွှင့်နိုင်ပါတယ်။

(၅) Chromecast…..

Google Chromecast တစ်လုံးဟာ အနည်းဆုံး မြန်မာငွေ ၅ သောင်းလောက် ကျပါတယ်။

Chromecast ဆိုတာ ဖုန်းတို့ တက်ဘလက်တို့ကို အိမ်သုံးတီဗွီတွေနဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်မယ့် streaming device ဖြစ်ပါတယ်။

တီဗွီမှာ ပါတဲ့ HDMI Port မှာ chromecast ကို ပလပ်ထိုးပြီး ကိုယ့်ဖုန်းထဲက content တွေကို Screen အကြီးနဲ့ ပြန်ကြည့်နိုင်အောင် ချိတ်ဆက်တာပါ။

အိမ်သုံးရိုးရိုးတီဗွီကို စမတ်ထုတ်ကုန်အဖြစ် ပြောင်းပြီး Netflix တို့ Hulu တို့လို Movie streaming တွေ ကြည့်နိုင်မယ့် ထုတ်ကုန်ဖြစ်ပါတယ်။

ဖုန်းဟောင်းတစ်လုံးရှိရင် Chromecast ဝယ်စရာမလိုပါဘူး။ ဖုန်းထဲမှာ CheapCast ဆိုတဲ့ app လေး ထည့်ပြီး သုံးရုံပါပဲ။

အခုပြောခဲ့တာတွေအပြင် ဖုန်းဟောင်းတွေကို အသုံးချနိုင်တဲ့ နည်းတွေမှ အများကြီးပါပဲ။

TV Remote controls အဖြစ် သုံးမလား ၊ FM Receiver အဖြစ် ရေဒီယိုနားထောင်မလား ၊ eBook တွေ ဖတ်မလား ၊ အွန်လိုင်းမီတင်အတွက် Video Chat လုပ်ဖို့ သုံးမလား သုံးနိုင်ပါတယ်။

ဖုန်းဟောင်းတွေကို အသုံးချနိုင်မယ့်တခြားနည်းလေးတွေ သိရင်လည်း မျှဝေပေးနိုင်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website