
ပိုက်ဆံချေးထားပြီး ပြန်မဆပ်ပဲ တိုင်ချင်ရာတိုင်ဆိုပြီး ပြောလာခဲ့ရင် ဒီစာဖတ်ပြီး ရဲရဲသာတောင်းလိုက်ပါ……
မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ ပိုက်ဆံချေးထားပြီး ဆပ်မယ့်သူကပြန်မဆပ်ပဲ တိုင်ချင်တဲ့နေရာ တိုင်ဆိုပြီးပြောလာရင် ဒီစာဖတ်ပြီး ရဲရဲသာတောင်းလိုက်ပါ။
ခင်မင်လို့ပဲဖြစ်ဖြစ် တခြားသောအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ပိုက်ဆံချေးထားမိတဲ့သူများအတွက် ၊
သိထားသင့်တာလေးတွေ ကိုယ်ချင်းစာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပိုက်ဆံချေးထားမိလို့ ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင်လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ၊
မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင်ခင်ဗျားတို့ငွေတိုးချေးစားထားတာ ကျုပ်တို့တိုင်လိုက်ရင် ထောင်ထဲ ၅ နှစ်ရောက်သွားမယ်။
စသည်ဖြင့် ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူက စလိုက်တယ်တော့မသိပါဘူး။
ဒီစကားလေးက ငွေချေးပြီး ပြန်မဆပ်ချင်သူတွေရဲ့ လက်သုံးစကားလက်နက်ကြီးတစ်ခုလိုဖြစ်လို့နေပါပြီ။
ဒီတော့ ငွေရှင်ဆိုတာလည်းလည်း အတိုးလေးရလို့ချေးမိတာ။
အခုပြန်တောင်းတော့ တချိန်က မျက်နှာငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့ သူကအခုတော့ မျက်နာထားကြီးတင်းပြီး ၊
ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို မျိုးတွေနဲ့ ကြုံတွေနေကြပါတယ်။
ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထား ပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ၊
ထောင် ၅ နှစ်ချလို့ရ တယ်လို့ပြောလာတော့ စိတ်ထဲမှာချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလားဆိုပြီး သောကအပူတွေပါ ဖြစ်။
အတိုးပါရင်ထောင် ၅ နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေမှာမရှိဘူးလားဆိုတော့ အဲ့ဥပဒေကတကယ် ရှိပါတယ်။
ဒါပေမယ့် ဒါကိုခုတုံးလုပ်ပီး ငွေချေးသူတွေက ခြိမ်းခြောက်နေတာတွေ့ရတော့ ကိုယ့်ဆီမှာရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေအတိုးနည်းနည်းရရင်လည်း မဆိုးပါဘူးဆိုပီး၊
ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေကို တွေ့ရလို့ ဒီစာလေးရေးရခြင်းဖြစ်ပါတယ်။
ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါနဲ့။
မကြောက်ပါနဲ့။ မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေရဲ့ အတိုးသာ မရရင်နေပါမယ်။
အရင်းကတော့သေချာပေါက် ပြန်ရပါတယ်။ ထောင် ၅နှစ်ချလို့ရတယ်ဆိုတာက မိမိသည် ငွေတိုးချေးစားခွင့်လိုင်စင်မရှိပါပဲလျက် ၊
ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေကို ကူညီသည့်အနေဖြင့် တခါတရံငွေချေးပေးတဲ့သူတော့ မပါဝင်ပါ။
ဒါကြောင့် ငွေချေးပေးထားတာရှိရင် ရဲရဲသာတောင်းကြပါ မကြောက်ကြပါနဲ့။
အနည်းဆုံးအတိုးမရရင်တောင် အရင်းတော့ ပြန်ရအောင်တောင်းလို့ရတာမို့ စေတနာအပြည့် နဲ့တင်ပေးလိုက်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google and Others