
ယနေ့လိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ၊
စက်ပစ္စည်းကိရိယာတွေကိုပဲ ဆန်းသစ်အောင်တီထွင်ကြရုံတင်မကဘဲ၊
ဇီဝသက်ရှိတွေကိုပါ လိုသလိုဆန်းသစ်တီထွင်နေကြပြီဖြစ်ပါတယ်။
ယခုတစ်ခေါက် အစ္စရေးမှသိပ္ပံပညာရှင်တွေရဲ့ တီထွင်မှုကလည်း စိတ်ဝင်စားစရာပါပဲ။
အဲ့ဒါကတော့ လူတော်တော်များများစားသောက်ကြတဲ့ အမွှေးအမျှင်များလှတဲ့၊
ကြက်ကို ချက်ပြုတ်ရလွယ်ကူအောင် အမွှေးတောင်လုံးဝမရှိတဲ့ကြက်တွေအဖြစ် ဆန်းသစ်တီထွင်လိုက်တာပဲဖြစ်ပါတယ်။
ယခုတီထွင်လိုက်တဲ့ကြက်တွေဟာ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်တဲ့ကြက်တွေဖြစ်ပြီး ၊
သူ့ရဲ့အားသာချက်ကတော့ အမွှေးနှုတ်စရာမလိုတဲ့အပြင် အဆီအနှစ်ပါဝင်မှုနည်းခြင်းကြောင့်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်လို့သိရပါတယ်။
လူသားတွေရဲ့တီထွင်ဖန်တီးမှုတွေကတော့ တကယ့်ကိုအံ့အားသင့်စရာတွေပါပဲနော်။
ဒါပေမဲ့ ဒီကြက်တွေဟာ မျိုးပွားနိုင်ခြင်းမရှိဘူးလို့သိရတဲ့အတွက်၊
သူတို့ကိုဘယ်လိုပေါက်ဖွားမလဲဆိုတာကိုတော့ လူအများစိတ်ဝင်စားနေကြပါတယ်။
Shwe Yaung Myanmar ( Writer – LLA )