အသက် ငယ်ငယ်လေးနဲ့ သန်းကြွယ်သူဌေးဖြစ်လာသူ

“ငါသာ သန်းကြွယ်သူဌေးကြီးဖြစ်ခဲ့ရင်” ဆိုတဲ့အတွေးမျိုး လူတိုင်းတစ်သက်မှာတစ်ခါတော့တွေးဖူးကြမှာပါ။

ဒါပေမဲ့ ငွေကြေးနောက်ခံမရှိတဲ့ လူငယ်တွေအတွက်တော့ ဒီခရီးက သိပ်မနီးလှပါဘူး။

ဒါပေမဲ့ Jhay-R Reyes ဆိုတဲ့ကောင်လေးကတော့ မီလီယံနာတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့အိပ်မက်ကို၊

အသက်၂၆နှစ်အရွယ်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဆင်းရဲတဲ့လူငယ်တစ်ဦးအနေနဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ခရီးလမ်းဟာ မလွယ်ကူခဲ့ပါဘူး။

ပညာသင်ဆုနဲ့ တက္ကသိုလ်ကိုခက်ခက်ခဲခဲတက်ခဲ့ရပြီး ဘွဲ့ရချိန်မှာလည်း ဖခင်ရဲ့ကျန်းမာရေးကြောင့်၊

အလုပ်ခဏခဏပြောင်းခဲ့ရပြီး အခက်အခဲများကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ သူငွေကြေးအနည်းငယ်နဲ့စတင်ခဲ့တဲ့ စတော့ရှယ်ယာများမှတစ်ဆင့် ငွေကြေးတိုးပွားလာခဲ့ပြီး၊

တစ်နှစ်အတွင်းမှာ သူဟာ အမိုက်စား၂ထပ်အိမ်ကြီးနဲ့ ကားတစ်စီးကိုပိုင်ဆိုင်နေဖြစ်တဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ နိုင်ငံခြားစတော့ရှယ်ယာတွေကို အရောင်းအဝယ်လုပ်ပြီး အောင်မြင်သွားတဲ့၊

သူ့ရဲ့ဇာတ်ကြောင်းကို လူအများပြီးချိန်မှာတော့ အ​တွေ့အကြုံမရှိတဲ့လူငယ်လေးရဲ့ ခမ်းနားတဲ့အောင်မြင်မှုက နိုင်ငံတွင်းစတော့ရှယ်ယာကစားသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီအကြောင်းကို လူငယ်လေးဟာ သူ့ရဲ့facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပြီး၊

အခုဆိုရင်သူဟာ ဖိလစ်ပိုင်နိုင်ငံမှာ လူသိများသူတစ်ဦးဖြစ်လို့နေပါတယ်။

Shwe Yaung Myanmar ( Writer – LLA )
source – rachfeed