လူတစ်ယောက် သေပြီးရင် ဘာတွေလှူလို့ ရသလဲ

လူတစ်ယောက် သေပြီးပြီးချင်း သင်ကိုယ်တိုင် လှူနိုင်သော အလှူတစ်ခု (လူတစ်ယောက်သေပြီးပြီးချင်း )

(1) နှလုံးက 10မိနစ်အထိ ရှင်ပါတယ်။

(2) ဦးနှောက်က မိနစ်20အထိ ရှင်တယ်။

(3) မျက်လုံးက 4နာရီအထိ ရှင်ပါတယ်။

(4) အရေပြားက ငါးရက်အထိ ရှင်ပါတယ်။

(5) အရိုးက ရက်30အထိ ရှင်တယ်လို့ သိရတယ်။

သေလွန်ပြီးတဲ့အချိန်မှာ လူတစ်ယောက်က သုံးရက်အကြာမှာ လက်သည်းခွံတွေ ကြွေတယ်။

လေးရက်အကြာမှာ ဆံပင်တွေ ကျွတ်တယ်။ ငါးရက်အကြာမှာဦးနှောက်က အရည်ပျော်တယ်။

ခြောက်ရက်အကြာမှာ အစာအိမ်က အရည်ဖြစ်ပြီး ပါးစပ်နဲ့ ဒွါရပေါက်ကနေ ယိုစီးတယ်။

ရက်ခြောက်ဆယ်အကြာမှာ အရိုးက ကမ္မဌာန်းရုပ်က လွဲလို့ ဘာမှ မကျန်အောင် ခြောက်သွေ့သွားတယ်။

လူတစ်ယောက်က သူသေဆုံးပြီးနောက် အလှုနှစ်ခု ထပ်မံပြုလုပ် လှူဒါန်းနိုင်ပါသေးတယ်။

အဲဒါကတော့ မိမိရဲ့ခန္ဓာကိုယ်ကို လှုဒါန်းခြင်းနဲ့ မျက်ကြည်လွှာ လှူဒါန်းနိုင်ခြင်းတို့ပဲ ဖြစ်တယ်။

သေဆုံးပြီးနောက် တန်ဖိုးမရှိ သုံးမရတော့တဲ့ ခန္ဓာကိုယ်ကို မီးလောင်တိုက်သွင်းပြီး ပြာကျခံမယ့်တူတူ အကျိုးပြုပေးနိုင်မယ့် နေရာတွေမှာ လှုဒါန်းပေးလိုက်တော့ …..

အလှူနှင့် အမြင်အာရုံ ချို့တဲ့သူတွေ အတွက် အလင်းဓါတ် အမြင်ဓါတ် ရရှိပိုင်ဆိုင်စေဖို့ မျက်ကြည်လွှာ လှူဒါန်းခြင်း အလှူတွေ လှူဒါန်းသွားလို့ရတယ်။

လူတစ်ယောက်သေဆုံးပြီးနောက် (4) နာရီ အတွင်း မျက်ကြည်လွှာက ရှင်နေသေးတဲ့အတွက် လှုဒါန်းထားလို့ရတယ်။

ဆန္ဒရှိပါက ခန္ဓာကိုယ်ပါ ထပ်လှုလို့လဲရတယ်။ ဆေးပညာအကျိုး ဖြစ်ထွန်းစေတယ်။

ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ပညာသင်ကြားတဲ့ နေရာမှာ အထောက်အကူပြုတယ်။

အချို့ကတော့ မသိလို့ အဆက်စပ်မရှိလို့ မလှုဖြစ်ကြသူတွေ ရှိတယ်။

ကျွန်မကတော့ သေဆုံးပြီး ကိုယ့်အတွက် အကျိုးမရှိပဲ ပုပ်သိုးပြီး သုံးမရ အလဟဿ အဖြစ်မခံနိုင်လို့ ခင်တွယ်မမက်မောပဲ ပြတ်သားတဲ့စိတ်နဲ့ အကျိုးပြုပေးမယ့် နေရာမှာ လှုဒါန်းဖြစ်ခဲ့တာ ကြာခဲ့ပြီ။

လှုဒါန်းလိုသူများ city mallနားက ဆေး(၁)မှာလဲ လှုလို့ ရသလို မြောက်ဥက္ကလာ ဆေး (၂)မှာ လှုလို့ရပါတယ်။

မျက်ကြည်လွှာကိုတော့ ကန်ပတ်လမ်း မျက်စိဆေးရုံကြီး အပေါ်ဆုံးထပ်မှာ လှုဒါန်းနိုင်ပါတယ်။

မျက်စိဆေးရုံရောက်ရင်တော့ မျက်မမြင် လူနာပေါင်းများစွာကို တွေ့ရင် ငါ့ဆုံးဖြတ်ချက် မှန်ပါလားဆိုတဲ့ မုဒိတာစိတ်တွေ တိုးလာပါလိမ့်မယ်။

လှုဒါန်းလိုသူများမှတ်ပုံတင်ရယ် ဓါတ်ပုံလေးပုံရယ် မိသားစုဝင် တစ်ဦးရယ်တော့ ခေါ်သွားရပါလိမ့်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website