လူချစ်လူခင် ပေါများသူဖြစ်ဖို့ သိထားသင့်တဲ့ အချက် (၅)ချက်

“လူချစ်လူခင်ပေါသူဖြစ်ဖို့ ပျိုးထောင်ရမယ့် အလေ့အကျင့် (၅) ခု “

(၁) – မပြောဘူး😷

သိပေမဲ့ အတင်းဝင်မပြောတတ်တဲ့ အကျင့်ကို မွေးပါ။ အရာရာငါသိ ငါတတ်လုပ်သူကို ဘယ်သူမှ သဘောမကျပါဘူး။

မသိဘဲ ဝင်ပြောတဲ့အကျင့်ကိုတော့ ဖျောက်ပစ်ရမှာဖြစ်ပါတယ်။

(၂) – မငြီးငြူဘူး😄

အမြဲတမ်းငြီးငြူနေသူကို ဘယ်သူမှ သဘောမကျပါဘူး။

တော်ရုံနဲ့ မငြီးငြူတတ်တဲ့ အကျင့်ကိုလည်း ပျိုးထောင်ရမှာ ဖြစ်ပါတယ်။

(၃ )– စိတ်ရှည်😁

စိတ်မရှည်တတ်တာကြောင့် သင့်ကို မိတ်ဆွေတွေက ပေါင်းသင်းရမှာ လန့်တတ်ပါတယ်။

စိတ်ရှည်တတ်အောင်လည်း လေ့ကျင့်ထားသင့်ပါတယ်။

(၄ )– ချီးကျူးတတ်😊

တစ်ဖက်လူကို ချီးကျူးဖို့ လူတွေက ဝန်လေးတတ်ကြပါတယ်။ ဒီလိုဝန်လေးမှုကို ဖျောက်ပါ။

တကယ်တော်တဲ့လူကို အရှိအတိုင်း ချီးကျူးတတ်ဖို့ လိုပါတယ်။

သူ့ကို အသိအမှတ်ပြုတာကြောင့် သင့်ကိုလည်း ပြန်အသိအမှတ်ပြုမှာ ဖြစ်ပါတယ်။

(၅) – မစပ်စုဘူး😯

ကိုယ့်ကို မပြောတဲ့ကိစ္စကို မစပ်စုတတ်တဲ့အကျင့်က အလွန်ကောင်းပါတယ်။ ကိုယ့်ကို မခေါ်တဲ့ စကားဝိုင်းကိုလည်း ဝင်မပါပါနဲ့။

ဒီလိုအကျင့်ကြောင့် သင်ဟာ လေးနက်သူ၊ ကိုယ်ဘာကိုယ် အေးဆေးနေတတ်သူအဖြစ် လူတွေက လေးစားမှုနဲ့ ခင်မင်ပါလိမ့်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website